"ဦိးလေးဘဲ့"
"ဗျာ သခင်လေး"
"ဒါပြီးရင် ဘာလုပ်ဖို့ရှိသေးလဲ"
ဥယျာဉ်ထဲ အပင်တွေလိုက်ညှပ်နေသည့် အိမ်တော်ထိန်းဘဲ့အား ထိုင်ကြည့်နေရင်း ထယ်ယောင်းမှ မေးလိုက်ခြင်းဖြစ်သည်။
"အပင်တွေညှပ်ပြီးရင်တော့ ရေလောင်းဖို့ကျန်မယ် သခင်လေး"
"သခင်လေး ကျွန်တော့်ကို ဘာများခိုင်းစရာ-""ဟေးဟေး စတော့ပ်! ခုချက်ချင်း အဲ့စကားကို အဲ့မှာတင်ရပ်!"
တစ်ဖက်သူမှာ စကားမဆုံးခင်အတားခံလိုက်ရသည်မို့ ဘာမှဆက်မပြောနိုင်ပဲ ကြောင်အမ်းအမ်းနှင့်။
"ဦးလေးဘဲ့ကိုကြည့်ရတာ ပင်ပန်းလို့ပါဗျာ ဒီမှာ ခဏလောက်လာထိုင်စမ်းပါ" "မနက်နိုးကတည်းကကြည့်နေတာ အလုပ်နဲ့လက်နဲ့ပြတ်တယ်ဆိုတာကိုးမရှိဘူး"
ပြောပြောဆိုဆိုနှင့် သူ့ဘေးကထိုင်ခုံကို ပုတ်ပြသည်ထယ်ယောင်းက တကယ်လဲ သူ့အစားပင်ပန်းနေသလို။ ကိုယ်ဝန်မှာ ၆လကျော် ၇လထဲဝင်လာပြီမို့ ဗိုက်လုံးလုံးလေးဟာလဲ ခပ်စူစူ။
"သခင်လေးရယ် မပင်ပန်းပါဘူး ကျွန်တော့်အလုပ်ကို ကျွန်တော်လုပ်တာပါဗျာ"
"ကျွန်တော်ကတော့ အလုပ်မရှိအလုပ်ရှာလုပ်နေတယ်လို့ပဲမြင်တယ်"
လက်ပိုက်ရင်း အိမ်တော်ထိန်းဘဲ့ကိုမျက်စောင်းထိုးလိုက်သည့်ထယ်ယောင်းက စကားနိုင်လုရာတွင် အနိုင်မပေးချင်။ ခေါင်းမာသည့်ကလေးငယ်နှင့် အလုပ်ကြမ်းပိုးဘဲ့တို့က ဒီတစ်ရက်ထဲစကားများကြသည်မဟုတ်။
တစ်လမှာ ရက် ၃၀ရှိလျှင် အခါ ၆၀မက တကျက်ကျက်နှင့်။
"ကိုယ့်ဟန်နီလေး အိမ်တော်ထိန်းကြီးကို ဘာတွေရစ်နေပြန်ပြီတုန်း"
ဥယျာဉ်ထဲဝင်လာသည့်ဂျောင်ကုတစ်ယောက် ဘယ်အချိန်ကတည်းကရောက်နေမှန်းသူမသိလိုက်။ ပုံမှန်ဆို ခြံထဲကားဝင်လာသည်နှင့် တန်းပြီးသတိပြုမိပေမဲ့ ဦးလေးဘဲ့ကြောင့် မကြားလိုက်တာဖြစ်လောက်သည်။
"ဘာမှမရစ်ပါဘူးနော်" "သူ့ကြည့်ပြီး ပင်ပန်းလွန်းလို့ပါ"
အိမ်တော်ထိန်းဘဲ့မှာ အသက်အရွယ်အားဖြင့် ၄၀စွန်းစွန်းသာရှိသေးသည်မို့ ထယ်ယောင်းက ရွယ်တူလိုသုံးနှုန်းလိုက်ခြင်းဖြစ်သည်။ အသက်အရ ၄၀စွန်းသည်ဆိုသော်ငြား muscleတောင့်တောင့်နှင့် တော်တော်လေးအရွယ်တင်ပါ၏။
YOU ARE READING
Dada Jeon
Fanfictionအေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလေးအဖြစ်တည်ရှိနေခဲ့သည်မို့ ထို့သူကို အမိအရလှမ်းဆွဲထားချင်မိသည်။