"ဟန်နီရေ ကိုယ်ပြန်လာပြီ"
သူနှင့်အလွန်ရင်းနှီးနေသည့် ထိုအသံလေးက ပတ်ဝန်းကျင်မှာရှိသော တိတ်ဆိတ်ခြင်းကိုဖြိုခွင်းချလိုက်သည်။
ခြေလှမ်းတွေဟာလဲ ဘာလုပ်ရမလဲဆိုတာသိနေသလို ဆိုဖာပေါ်ထိုင်နေရာမှ ထိုသူ့ထံသို့ဦးတည်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ခပ်ကျယ်ကျယ်ရင်ခွင်ထဲတိုးဝှေ့လျက်။
"သတိရနေခဲ့တာ~"
ခပ်တင်းတင်းဆွဲဖက်ခြင်းကိုခံလိုက်ရသူကတော့ ရင်ခွင်ထဲကသူ၏ခေါင်းကိုပုတ်ရင်း အပြုံးတွေဝေလို့။ အလုပ်မှာဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ၊ ဟန်နီ့ရဲ့အသံကိုကြားတာနှင့် အမောပြေသွားသည့်သူမို့ အိမ်ပြန်ဖို့ပဲ တာစူနေတာ အထူးအဆန်းတော့မဟုတ်။
"ကိုယ့်ကိုသတိရတာဟုတ်လို့လား" "ကိုယ်ဝယ်လာမဲ့မုန့်တွေကိုသတိရနေတာမဟုတ်ဘူးလား"
"ဂျွန်ဂျောင်ကုနော် မင်း!"
နည်းနည်းလေးပဲ စ,လိုက်တာကို နှုတ်ခမ်းဆူကာ ရန်တွေ့လာသည့်အကောင်ပေါက်စက ကလေးတွေကို ဆူငေါက်ပြီး စာသင်နေတဲ့ tutor လေး ကင်မ်ထယ်ယောင်းနှင့်လုံးဝမတူတော့။
ဟန်နီက ဒီလိုမျိုး သူ့ရဲ့တခြားတစ်ဖက်ခြမ်းကို ဖွင့်ပြလာသည်ကိုလဲ ဂျောင်ကုကြီးက ကြိတ်ပျော်နေတာမို့ ဟန်နီ့ကို မစရမနေနိုင်တာလေ။
ထို့နောက် ဂျောင်ကုမှာ ဟန်နီ့ခေါင်းကို ပုတ်ရင်း လက်ထဲက ကိတ်မုန့်ကိုပေးကာ
"ဟန်နီစားနေကျဆိုင်ကဝယ်လာပေးတာနော်" "ညဘက် စာဖတ်တဲ့အခါမှစားရမှာ သိတယ်ဟုတ်"
"အင်းပါ သိပါတယ်"
ပေါက်စက သိပါတယ်သာပြောနေတာ လက်က မုန့်ဘူးကိုဖွင့်ပြီး ခရင်မ်တွေကို စားတောင် စားပြီးနေပြီ။
ထမင်းမကြိုက်ပဲ မုန့်တွေပဲကြိုက်တာအပြစ်မဟုတ်ပေမဲ့၊ သူကတော့ ဟန်နီ့ကျန်းမာရေးကို စိုးရိမ်တာလေ။ ထို့ကြောင့် ဟန်နီ့လက်ထဲက ကိတ်မုန့်ဘူးကိုပြန်ဆွဲယူလိုက်ပြီး မီးဖိုချောင်ထဲဦးတည်လာခဲ့၏။
သို့ရာတွင် ဝက်ဝံပေါက်စမှာ မုန့်အလုခံလိုက်ရတဲ့သူလို သူ့အနောက်ကနေ ကောက်ကောက်ပါအောင်လိုက်လာခဲ့ပြီး
YOU ARE READING
Dada Jeon
Fanfictionအေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလေးအဖြစ်တည်ရှိနေခဲ့သည်မို့ ထို့သူကို အမိအရလှမ်းဆွဲထားချင်မိသည်။