Part-3

518 66 12
                                    

"အဟွတ် အဟွတ်"

ထယ်ယောင်းနှင့် ဂျောင်ကုတို့​၏ ငြိမ်သက်နေသော ထမင်းဝိုင်းမှာ ထမင်းသီးသည့်အသံကြောင့် စတင်ဆူညံလာသည်။ ထိပ်ဆုံးခုံမှာထိုင်ရင်း မနက်စာစားနေသည့်သူဟာလဲ ကြင်သူသက်ထားလေး​၏ ချောင်းသံကိုကြားသည်နှင့် တပြိုင်နက် ထိုင်ခုံမှထလိုက်ပြီး ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးရင်း

"ဖြေးဖြေး ဖြေးဖြေး..."

ချောင်းကို သုံးလေးချက်ဟန့်ပြီးသည့်အချိန်မှာတော့ ထယ်ယောင်းတစ်ယောက် အနည်းငယ်အဆင်ပြေသွားပုံရသည်။ ဟင်းရည်ပန်းကန်လုံးဘေးမှ ရေခွက်ကိုယူကာ ရေအနည်းငယ် သောက်လိုက်ပြီး

"ရတယ် ရတယ် အဆင်ပြေသွားပြီ"

ကာယကံရှင်က အဆင်ပြေသွားပြီဟုပြောတာတောင် တစ်ဖက်သူက စိတ်မချနိုင်သေး။ တကယ်အဆင်ပြေတာသေချာကြောင်းအတည်ပြုပြီးမှ သူ့နေရာသူပြန်ထိုင်လိုက်သည်။

သို့ရာတွင် ထယ်ယောင်းကို အရိပ်တကြည့်ကြည့်လုပ်နေသည်က ရပ်မသွား။ ထမင်းတွေကို တူနှင့်ယူကာ နည်းနည်းစီစားနေသည့် ထယ်ယောင်းကိုကြည့်ရင်း သူ့စိတ်ထဲအနည်းငယ်စိုးရိမ်နေသလိုလိုဖြစ်လာ​၏။

"ဟန်နီ နေမကောင်းဘူးလား"

ပုံမှန်ထပ် အနည်းငယ် ငြိမ်နေသည့် ထယ်ယောင်းက သူ့မျက်နှာကို မောကြည့်ရင်း ခေါင်းခါပြသည်။

"ဟင့်အင်း...နေရတာအဆင်ပြေပါတယ်"  "ဘာလို့လဲ"

"ဟန်နီ့ကြည့်ရတာ အစားနည်းနေသလိုပဲ"

ထမင်းပန်းကန်ကိုမေးငေါ့ပြသောသူကြောင့် သူ့ထမင်းပန်းကန်ကိုသူပြန်ကြည့်မိပါသည်။ ထမင်းစားနေတာ အတော်လေးကြာနေပြီဆိုပေမဲ့ ဒီပမာဏက ဒီပမာဏပဲဖြစ်နေသည်မို့ တူကို ချလိုက်ပြီး

"မစားချင်ဘူး ဒါလင်ရယ်...စားရတာ ဘာလိုနေမှန်းမသိဘူး"

"ဟင်...ကိုယ့်စိတ်အထင်တော့ စားရတာအဆင်ပြေပါတယ်"

ဂျောင်ကုမှာ ဟင်းရည်ကိုထပ်မြည်းရင်း အရသာကို အတည်ပြုလိုက်ပေမဲ့ စားနေကျအရသာပဲမို့ ထယ်ယောင်းကိုပြန်ကြည့်ကာ

Dada JeonWhere stories live. Discover now