Part-2

229 39 3
                                    

ယနေ့လဲ ထယ်ယောင်းအတွက်တော့ သာမန်နေ့တွေထဲကတစ်ရက်ပါပဲ။ အတန်းချိန် နှစ်ချိန်ပြီးသွားပြန်တော့ ကျောင်းပြင်ကိုထွက်လာရင်း ကောင်းကင်ကြီးကိုမော့ကြည့်မိသည်။

ဒီအချိန်လောက်ဆို နေလုံးကြီးလဲ တောက်ပရတာ ပင်ပန်းနေလောက်ရောပေါ့။ ထယ်ယောင်းမှာ တစ်ယောက်ထဲလမ်းလျှောက်ပြန်ချင်သည်မို့ လာကြိုရန်မပြောထား။ ထို့ကြောင့် ဘောင်းဘီအိတ်ထဲလက်လျှိုကာ လေးလံသည့်ခြေလှမ်းများဖြင့် အိမ်သို့ပြန်လာခဲ့​၏။

"မီးမီးလေးက တကယ့်သေးသေးလေးနော် မမကြီး"

ခြံထဲဝင်ဝင်ချင်း ကြားလိုက်ရသည့်အသံကြောင့် အနည်းငယ်ညှိုးနေသည့်မျက်နှာလေးမှာ လန်းဆန်းသွားသည်။ ပုံမှန်ဆို ဂျောင်ကုက အိမ်ကိုစောစောပြန်လာလေ့မရှိပေမဲ့ ယနေ့ကတော့ မိသားစုတွေ စုံမှာဖြစ်တာကြောင့် စောပြန်လာခဲ့ခြင်းဖြစ်နိုင်သည်။

ထို့ကြောင့် လေးလံနေသည့်ခြေလှမ်းများကို အရှိန်မြှင့်တင်ကာ ခပ်သွက်သွက်လျှောက်လာခဲ့ပြီး အိမ်ထဲကို ဝင်လာတော့ ကလေးသေးသေးလေးကိုချီထားသည့် ဂျောင်ကုက သူ့ကိုလှည့်ကြည့်လာသည်။

"ဟန်နီတောင်ပြန်လာပြီပဲ"
"မမကြီးရဲ့ သမီးလေးလေ...ချစ်ဖို့မကောင်းဘူးလား"

ဂျောင်ကုက သူ့လက်ပေါ်တွင် အိပ်ပျော်နေသည့် ကလေးလေးကိုမြှောက်ရင်း ပြောတော့ ပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ဖြင့် ကြည့်လိုက်ပြီး

"ဟုတ်ပါရဲ့ မီးမီးလေးက ချစ်ဖို့ကောင်းလိုက်တာ"

ဖွေးစွတ်နေသည့် အသားအရည်နှင့် ခပ်ဖောင်းဖောင်းဖြစ်နေသည့် ပါးမို့လုံးလုံးလေးက အနှီးအဖြူလေးထဲ ဝါဂွမ်းလုံးလေးလိုဖြစ်နေသည်မှာ အမှန်ပင်။ ဒါတောင် မမကြီးနဲ့ သူ့အမျိုးသမီးက တအားလှတဲ့ စာရင်းထဲမပါသေး။

"ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးမှပြန်လာခဲ့ပါ့မယ်ဗျ"

ထယ်ယောင်းမှာ အမျိုးတွေအကုန်လုံးကို ရိုရိုကျိုးကျိုးနှုတ်ဆက်ရင်း အမျိုးသားဖြစ်သူကိုလဲ နှုတ်ဆက်ဖို့မမေ့ခဲ့။

Dada JeonWhere stories live. Discover now