ဒီနေ့တော့ ဂျောင်ကုတစ်ယောက် တော်တော်လေးစိတ်ကြည်နေပါသည်။ ကားကို ခပ်ဖြည်းဖြည်းမောင်းလာရင်း ဘေးခုံပေါ်က ပေါက်စလေးကိုကြည့်တော့ အကောင်ပေါက်က လက်မလေးကိုစုတ်ကာ အိပ်ပျော်နေပြီ။ ကားမောင်းနေရင်း အမွှေးပွနားရွက်လေး လှုပ်စိလှုပ်စိနှင့် အိပ်ပျော်နေတဲ့အကောင်ပေါက်ကိုမြင်တော့ ဘာရယ်မဟုတ် ထပ်ပြုံးမိလိုက်၏။
"ရောက်တော့မယ် ခဏပဲစောင့်"
အကောင်ပေါက်က အိပ်ပျော်နေသည်မို့ သူပြောတာကိုမကြားသော်လည်း ကြားလိုကြားငြားပြောလိုက်ခြင်းသာ။
ဂိတ်တံခါးရှေ့ကိုရောက်တော့ ဂိတ်အတွင်းကအစောင့်က ပြာပြာသလဲထွက်လာပြီး
"သခင်ကြီး ပြန်လာပါလာပြီလား..."
ဂျောင်ကုမှာ တံခါးစောင့်က လောကွတ်ပြုတာကို သူဂရုစိုက်ရလောက်တဲ့ထိ အားယားမနေ၊ ပြီးတော့ ဒီလူတွေကို သူအရေးစိုက်စရာမှမလိုပဲ။
ပိုက်ဆံပေးပြီး ငှားထားသည့် လူတွေကို ထပ်လောင်းမေတ္တာတွေပေးမိခဲ့လို့ ဟန်နီနဲ့ မာမားကိုဆုံးရှုံးခဲ့ရတာ။ အခုတော့ တူညီတဲ့အမှားတစ်ခုကို ထပ်မလုပ်မိစေရန် သူ့ကိုယ်သူသတိပေးလျက်။
"အပိုစကားတွေပြောနေမဲ့အစား တံခါးသာအရင်ဖွင့်စမ်းပါ"
ဟုတ်တယ်။ ဂျွန်ဂျောင်ကုဆိုတဲ့ကောင်က ဒီလိုလူစားမျိုးပဲ။ ဟန်နီ့ကိုဆုံးရှုံးလိုက်ရပြီး မကောင်းဆိုးဝါးလိုဖြစ်လာခဲ့တဲ့ကောင်မို့လို့ ဒီအလုပ်သမားတွေကို အားနာတယ်ဆိုရင် ဟန်နီကဖြစ်ဖြစ် လာထိန်းပေးပေါ့။
သူ့ရဲ့ မောက်မာပြီး တည်ငြိမ်တဲ့အသွင်ကို ဘယ်သူမှ မဆန့်ကျင်နိုင်တာကြောင့် စကားဆက်မပြောတော့ပဲ တံခါးကို အမြန်ဖွင့်ပေးလိုက်၏။ လူဆယ်ရပ်စာလောက်ရှိတဲ့ ရွှေတံခါးကြီိးအကျော်မှာတော့ မြေ ၁၂ ဧကစာကျယ်ဝန်းတဲ့ အိမ်တော်ကြီးက ထပ်၍ကြိုဆိုပြန်သည်။
အရင်ကတော့ အမျိုးပေါင်းသောင်းခြောက်ထောင်ဖြင့်စည်ကားနေသော်ငြား၊ အခုတော့ သူရယ် အလုပ်သမားတွေရယ် ပြီးတော့ ထယ်ကူးလေးရယ်သာရှိတော့မည်။
YOU ARE READING
Dada Jeon
Fanfictionအေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလေးအဖြစ်တည်ရှိနေခဲ့သည်မို့ ထို့သူကို အမိအရလှမ်းဆွဲထားချင်မိသည်။