Part (36)

2 0 0
                                    

"ဘာဖြစ်လို့လဲ သခင်။"

"ဟင်၊ ဘာမှမဖြစ်ဘူး။ ဘာကိစ္စရှိလို့လဲ။"

သခင့်အခန်းတံခါးဖွင့်ထားလို့ ဝင်လာတဲ့ကမ္ဘာ့ကို ကြမ်းပေါ်ထိုင်ရင်း မီးပလပ်ခေါင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့သခင်က မော့ကြည့်ပြီးမေးလိုက်တယ်။
ကမ္ဘာက သခင်နဲ့မျက်နှာချင်းဆိုင်နေရာမှာ ထိုင်ချလိုက်ပြီး

"သခင် အလုပ်တွေအရမ်းများနေလား။ အရမ်းအာရုံစိုက်ရရင် တခြားအလုပ်တစ်ခုခုပြောင်းတာဖြစ်ဖြစ် ..."

"ငါ အဆင်ပြေတယ်။"

Screen time များလွန်းပြီး မျက်ရိုးနဲ့နားထင်တွေရယ်၊ ဇက်ကြောတွေရယ်ကို ခဏခဏဖိနေတတ်တဲ့သခင့်ကို ကမ္ဘာသတိထားမိတာ ကြာပြီ။ သခင်အလုပ်လုပ်တာဖြင့် နှစ်လကျော်ပဲရှိသေးတာကို ဒီလိုတွေဖြစ်နေတာက အဆင်မပြေဘူးလို့ ကမ္ဘာထင်တယ်။
အခုလည်း ပလပ်ခေါင်းလဲရင်း လည်ပင်းကို ဟိုဒီလှည့်ချိုးနေတာတွေ့လိုက်လို့ ကမ္ဘာဝင်လာပြီး ပြောရခြင်း။

"မျက်စိစမ်းကြည့်ပါလား။"

"ငါ အဆင်ပြေတယ် မြေကမ္ဘာ။"

3 pin ပလပ်ခေါင်းရဲ့ ခပ်ပျော့ပျော့ pin တစ်ချောင်းကို လက်မနဲ့ဖိချိုးလိုက်ပြီး 2 pin ပလပ်ပေါက်မှာတပ်ရင်း သခင်က အသံမာမာနဲ့တုံ့ပြန်တာကြောင့် ကမ္ဘာ သက်ပြင်းချရင်းသာ

"စိုးရိမ်လို့ပါ၊ ကိုကိုကလည်း ..."

ကမ္ဘာ့ကိုကြည့်တဲ့အကြည့်တွေကပါ ခပ်မာမာဖြစ်လာတာကြောင့် မျက်နှာချိုသွေးလိုက်ရင်း

"အဟီး၊ ဒီလောက်ညနက်နေပြီကို မအိပ်သေးဘူးလား။"

ကမ္ဘာ စားသောက်ဆိုင်ကနေ အလုပ်ဆင်းပြီးပြန်လာတဲ့အချိန်မို့ သန်းခေါင်ယံကိုပြနေတဲ့ နာရီလက်တံတွေကို သခင်သိမှာပဲဆိုပေမဲ့ သတိပေးချင်မိတယ်။ မျက်ခုံးတွေတွန့်ချိုးလာတဲ့သခင်က မတ်တပ်ထရပ်လိုက်ပြီး

"မင်းကရော ညနက်နေမှ ငါ့အခန်းထဲဘာလာလုပ်တာလဲ။"

"မနက်ကျရင် ဦးနိုင်မွေးနေ့၊ ဘုရားသွားကြမှာဆို။"

Branded by YouWhere stories live. Discover now