When they have a Baby ...

1 0 0
                                    

Update မဟုတ်ဘူး။ ဒီအတိုင်း တွေးမိတွေးရာ ...

■■■■■

သူတို့နှစ်ဦးတွင် မြေကမ္ဘာနှင့်တူသော ကလေးတစ်ယောက် ရသောအခါ ...
.......
.....
...

ကလေးငယ် အနည်းငယ်ထိုင်တတ်စအချိန်တွင်ဖြစ်သည်။
ကမ္ဘာမှ ကလေးငယ်ကို ကုပ်ပေါ်တွင်တင်ကာ ချော့မြှူနေစဉ်

"ခစ် ခစ် ခစ်"

ခိုးခိုးခစ်ခစ်ရယ်သံများနှင့် ဆူညံလျက်။ ခေတ္တခဏကြာပြီးနောက်

"မောလာပြီ။ ဖေဖေ့ကို သွားနှောင့်ယှက်ရအောင်။"

အလုပ်လုပ်နေသောသခင့်ထံ ရောက်လာကြပြီး သခင်၏လည်ကုပ်ပေါ်သို့ ကလေးငယ်ကိုတင်ပေးလိုက်လေလျှင် သခင့်ခေါင်းကို တင်းကြပ်စွာဖက်ထားတော့သည်။

"ကလေးရေ၊ ဒယ်ဒီနဲ့ဆော့နေတာလား။ အသံတွေကို ဆူလို့ကွာ။"

"ပြွတ်"

ကလေးငယ်ကို ကမ္ဘာကထိန်းထားသည်ကြောင့် သခင်က ခေါင်းကိုအနည်းငယ်မော့လိုက်သည့်အချိန် သခင့်နဖူးထက်သို့ ခြွေချလိုက်သည့် အနမ်းငယ်တစ်ပွင့်။

"ဟား ဟား၊ ဖေဖေ့ကိုချစ်တယ်လား ဟင်။ လာပါဦး ကလေးရယ်။"

သခင်က ကလေးငယ်ကို ရင်ခွင်ထဲဆွဲသွင်း၍ တရှုံ့ရှုံ့နမ်းလေတော့ သဘောတကျရယ်သံလေးက ထွက်လာပြန်၏။ ကမ္ဘာပြုံးကြည့်နေရင်းမှ သခင်၏ပါးကို တစ်ချက်နမ်းလိုက်မိသည်။ ရယ်မောနေသည့်ကလေးငယ်မှ အရယ်ရပ်သွားကာ ရှုံ့မဲ့မဲ့ဖြစ်လာပြီး

"ဟင့် ... အင့်"

"ဘာတုန်း၊ ဘာဖြစ်တာလဲ။"

ကမ္ဘာတစ်ယောက် အတွေးပေါက်သွားပြီး သခင့်ကို နောက်ထပ်တစ်ဖန် နမ်းလိုက်သည့်အခါတွင်တော့

"အူး ဝါး ... "

ကမ္ဘာ့မျက်နှာ မဲ့သွားသကဲ့သို့ သခင်လည်း အံဩသွားရလေသည်။
ကမ္ဘာ ထပ်နမ်းရန်ပြင်သော်လည်း

"တော်ပြီကမ္ဘာ၊ မစနဲ့တော့။ ကလေးကမကြိုက်ဘူး။ တိတ်ပါ တိတ်ပါ ကလေးရယ်။ ဖေ့ကလေးလေးက မကြိုက်ရင် ဖေဖေသူ့ကိုမခေါ်တော့ဘူးနော်။ တိတ်တော့ တိတ်တော့၊ လိမ္မာတယ်။"

ပါးပြင်နုနုကိုနမ်း၍ သခင်ချော့သည့်အခါ အငိုတိတ်သွားလေတော့သည်။ ကမ္ဘာ့မှာသာ ယောက်ျားဖြစ်သူချီခေါ်သွားသည့်ကလေးငယ်ကို လိုက်ကြည့်ရင်း စကားသံထွက်မလာတော့ပေ။

Branded by YouOpowieści tętniące życiem. Odkryj je teraz