Part (49)

1 0 0
                                    

"နေဦး ... အွန်း ..."

နည်းနည်းလေးလွတ်တာနဲ့ ပြန်ဆွဲချုပ်လာတဲ့ ကမ္ဘာက ဘယ်ကအားတွေနဲ့မှန်းမသိ။ သခင် အတင်းရုန်းပြီး ကမ္ဘာ့လက်တွေကိုဆွဲလိမ်လိုက်ဖို့ ကြိုးစားပေမဲ့လည်း လက်တွေကိုဆွဲလှည့်ခံလိုက်ရပြီး အချုပ်ခံလိုက်ရတာက သခင်ကိုယ်တိုင်ပါပဲ။

"သခင့်ဘာသာ ဘယ်လောက်ကျွမ်းကျင်နေနေ ကိုယ်က ဒီပညာတွေကို လက်တွေ့အသုံးချခဲ့တဲ့လူပါ။"

Martial arts နဲ့ပတ်သက်ရင် ကမ္ဘာ့လိုလူဆိုးက ပိုကျွမ်းကျင်နေမှာကို သခင်တွေးမိပါရဲ့။ ဒါပေမဲ့လည်း ဘယ်တုန်းကမှ ပြန်ခုခံဖူးတာမဟုတ်လို့ သူဘယ်လောက်ကျွမ်းကျင်နေလဲလို့ သခင်မသိပါ။ ကမ္ဘာ့ရဲ့ ဆိုးသွမ်းခဲ့တဲ့ပုံရိပ်တွေကို သခင်မမြင်ဖူးသလို ကမ္ဘာကလည်း ဘယ်တုန်းကမှ အဲဒီတုန်းကလို ပြန်မနေခဲ့ဖူးပါ။ သခင်နဲ့ဆုံပြီးတဲ့နောက် အပြင်မှာရန်ဖြစ်တာမျိုးရှိဖူးပေမဲ့ သာမန်ယောက်ျားလေးတစ်ယောက်ရဲ့ ရန်ပွဲဆိုတာထက် မပိုခဲ့ဖူး။

သခင်ရုန်းထွက်ဖို့ပြင်တော့

"လွှတ်ပေးမယ်။ အရမ်းမရုန်းနဲ့။"

ရုန်းလိုက်တဲ့အရှိန်နဲ့ လွှတ်လိုက်တဲ့အရှိန်ပေါင်းပြီး လဲသွားနိုင်လို့ ကမ္ဘာကသတိပေးလာတယ်။ သခင်ငြိမ်နေလိုက်တော့မှ ကမ္ဘာကလွှတ်ပေးလိုက်ပြီး

"ညက ကိုယ်အတတ်နိုင်ဆုံးထိန်းခဲ့တာ။ ဘယ်လောက်ခံရခက်မလဲ သခင်တွေးကြည့်ပေါ့။ အခု သခင့်လက်နဲ့ပဲဖြစ်ဖြစ် လုပ်မပေးချင်ဘူးလား။"

ကမ္ဘာက သခင့်လက်ကိုဆွဲယူပြီး သူ့ရဲ့ပေါင်ကြားမှာ တင်ပေးတယ်။
သခင်လက်တွေကိုအုပ်ကိုင်ပြီး သာယာမှုကိုတောင်းဆိုနေတဲ့ကမ္ဘာက ရီဝေနေတဲ့အကြည့်တွေနဲ့ သခင့်ကိုဆွဲဆောင်နေပေမဲ့

"မင်းမှာလက်ပါတာပဲ။"

သခင်ရုန်းထွက်ပေမဲ့ ကမ္ဘာက လက်လွှတ်မပေး။

"သခင့်လက်နဲ့ထိနေတဲ့ အထိအတွေ့က ပိုမိုက်တယ်လေ။ လက်နဲ့ပါပဲ။ အဲဒီလောက်တော့ ပေးနိုင်တယ်မလား။"

သခင့်ခါးကို လက်တစ်ဖက်ကသိုင်းဖက်ပြီး နောက်လက်တစ်ဖက်က သခင့်လက်ကိုအုပ်ကိုင်ကာ sensitive ဖြစ်နေတဲ့နေရာကို ပွတ်တိုက်နေမိတော့ သခင်က ကမ္ဘာ့ရင်ဘတ်ကို ဆောင့်တွန်းပစ်လိုက်တယ်။ ကမ္ဘာက ဧည့်ခန်းဆိုဖာပေါ်ပစ်လဲကျသွားသလို သခင့်လက်ကပါ ဆောင့်ဆွဲခံရသလိုဖြစ်ပြီး လူကပါ ကမ္ဘာ့အပေါ်ကိုထပ်ကျသွားတယ်။

Branded by YouWhere stories live. Discover now