5

318 48 8
                                    

ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် စာပြပေးချိန်အား နေ့လည်၁နာရီစဖို့ဆုံးဖြတ်ထားသည်။
ယူဂျင်းတစ်ယောက် နိုးတော့ နံရံမှနာရီကိုလှမ်းကြည့်လိုက်သည်။

၉နာရီထိုးပြီးလို့ ၅မိနစ်ပင်ရှိပြီဖြစ်သည်။ရေချိုးကာ
ဗီရိုထဲမှ စိမ်းနုရောင် ရှပ်အင်္ကျီလေးတစ်ထည်ကိုထုတ်ယူလိုက်သည်။
အပေါ်ထပ်အနေဖြင့် အဖြူရောင်အပါးသားလက်ရှည်အနွေးထည်အား ထပ်ဝတ်လိုက်သည်။
မိုးပြာရောင် ဂျင်းဘောင်းဘီအား ဝတ်ကာ လွယ်အိတ်အနက်ကလေးကိုယူ၍ အောက်ထပ်သို့ဆင်းသွားခဲ့သည်။
မီးဖိုချောင်၌ ထမင်းပွဲပြင်နေသောမေမေ။

"ယူဂျင်းနီး ဒီ‌နေ့တော့ ပေါင်မုန့်ယိုသုတ်စားတာရပ် ထမင်းစားဖို့လုပ်"

ယူဂျင်း ခုံတွင်တွင်ကာ မေမေလာချပေးသော ထမင်းနှင့်ဟင်းအားစားလိုက်သည်။

"ဖေဖေရော"

"မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားတာရှိလို့ဆိုပြီး အစောကြီးထွက်သွားတယ်"

ယူဂျင်း ခေါင်းညိတ်ပြကာ ထမင်းသာဆက်စားနေလိုက်သည်။

"ဘယ်လိုလဲစာပြပေးရတာ"

"အဆင်ပြေပါတယ်"

ပြေဘူး လုံးဝမပြေဘူးမေမေ အချိုးလဲပြေဘူး

ယူဂျင်းစိတ်ထဲတွင်သာ ပြောဆိုလိုက်သည်။ပထမဆုံးအကြိမ် ဆရာလုပ်ရလို့လားမသိ သူနူးနူးညံ့ညံ့မပြောပြတတ်။

အဓိကကတော့ ကင်မ်ဂယူဗင်းက နူးနူးညံ့ညံ့ပြောလို့ရတဲ့ကျောင်းသားမဟုတ်လို့ပင်။

-

-

-

ယူဂျင်းတစ်ယောက် စာကြည့်တိုက်သို့ ဂယူဗင်းအတွက်လိုအပ်မည်ထင်တဲ့စာအုပ်အချို့ဝယ်ဖို့သွားခဲ့သည်။
စာအုပ်ငှားလို့ရသည့်အပြင် ဝယ်လို့ပါရတာကြောင့် ထိုစာကြည့်တိုက်ကို ယူဂျင်းသဘောကျသည်။

စာကြည့်တိုက်ထဲ၌ ၁၂တန်းသင်ရိုးစာအုပ်တွေကို ရွေးဝယ်ခဲ့သည်။
ယူဂျင်း တခြား ဉာဏ်စမ်းမေးခွန်း‌စာအုပ်တွေပါကြည့်၍ သူ့အတွက်အသုံးဝင်မဲ့ စာအုပ်တွေပါ ဝယ်ခဲ့လိုက်သည်။

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now