6

307 51 12
                                    

သတ်မှတ်ချိန်ပြည့်သွားသည်နှင့်တပြိုင်တည်း ဒိုင်လူကြီး၏ အချက်ပေးသံနှင့်အတူ အနီအသင်းမှ တစ်ဂိုးသာ၍ နိုင်သွားခဲ့သည်။

အော်ဟစ်အားပေးသံများနှင့်အတူ ထိုင်နေရာမှထကာ ရေဘူးသွားပေးကြသည့် ကောင်မလေးများ အများအပြား။

သူ့အား ကမ်း‌ပေးလာကြသော ရေဘူးများအား ဂရုမစိုက်ဘဲ ကွင်းထဲမှ လှည့်ထွက်သွားသူ ဂယူဗင်း။

ယခုချိန်ထိ မငြိမ်‌နိုင်သေးသည့် သူ့ရင်ဘက်ထဲက အကောင်ပေါက်ကြောင့် ယူဂျင်းစိတ်ညစ်လာရသည်။

သဘောကျသွားလို့ဖြစ်ဘူးလေကွာ သူကမင်းနဲ့မတည့်နဲ့လူလေ

ကိုယ့်ကိုယ်ကို သတိပေးနေသော််ညား မငြိမ်သက်နိုင်သေးသည့် နှလုံးတစ်စုံနှင့် ဘတ်စကပ်ဘောလ်စကားနေရာမှ သူ့အားလှမ်းလှမ်းကြည့်နေတတ်ပါသော မျက်လုံးတစ်စုံအားပြန်လည်မြင်ယောင်။

ကျောင်းသား၊ကျောင်းသူတိုင်း သူ့တို့အတန်းကိုယ်စီကို ပြန်ဝင်သွားကြပြီဖြစ်၍ ယူဂျင်းနှင့်အိုလီဟာလဲ မိမိတို့အတန်းထဲပြန်ဝင်လာခဲ့လိုက်သည်။

"ဟန်ယူဂျင်း"

"ဟန်ယူဂျင်း?"

"ဟန်ယူဂျင်း!"

"ဟင်..အင်..အယ် ပြောလေအိုလီ"

အိုလီတစ်ယောက် ယူဂျင်းအားနားမလည်သလိုကြည့်လိုက်မိသည်။သူဒီလောက်ခေါ်နေတာတောင်မကြားရသည်မှာ ဘာတွေတွေးနေလို့တုန်း။
အိုလီစိတ်မရှည်တော့သည့်အဆုံး ထအော်ခေါ်လိုက်တော့မှ လန့်သွား၍ ပြန်ထူးလာသော ယူဂျင်း။

"မင်းဘာတွေစဉ်းစားနေလို့ ငါခေါ်တာတောင်မကြားရတာလဲ"

"မဟုတ်-"

"ဧကန္တ မင်းကင်မ်ဂယူဗင်း ဘတ်စကပ်ဘောလ်ဆော့တာကိုကြည့်ပြီးကြွေသွားတာတော့ မဟုတ်ဘူးမလား"

ရုတ်တရက် ဆောင့်တက်လာသော ခန္ဓာကိုယ်အပူချိန်နှင့်အတူ သူ့အားစိုက်ကြည့်‌နေသော အိုလီ့မျက်လုံးများဆီမှ ရှောင်နေမိတော့သည်။
ချွေးပြန်စပြုလာတဲ့ သူ့နှဖူးကိုသူ လက်ဖြင့်သုတ်ကာ...

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now