ယူဂျင်း ဂယူဗင်းအား ဆေးပေးခန်းက ထိုင်ခုံအလွတ်တစ်ခု၌ ထိုင်ခိုင်းလိုက်သည်။
ဘေးတွင်တင်ထားသော ဆေးဘူးများနဲ့ ပလာစတာကို ယူ၍ ဂယူဗင်းမျက်နှာအားစိုက်ကြည့်လိုက်သည်တကယ်ပါပဲ။မျက်နှာချောချောကလေးနဲ့မှမလိုက်
ဒဏ်ရာတွေပြည့်နေသည်။ယူဂျင်း ဂွမ်းတံလေးတစ်ချောင်းကိုယူ၍
ဆေးထည့်ကာ ဂယူဗင်းမျက်နှာပေါ်မှ ဒဏ်ရာအား ဆေးတို့ရန် လက်အလှမ်း သူ့လက်အား ဖယ်ထုတ်လိုက်တာကြောင့် ယူဂျင်း မျက်မှောင်ကြုတ်မိလိုက်သည်။"မလိုဘူး ကြာရင်ပျောက်သွားလိမ့်မယ်"
"ဆေးမထည့်ရင် အပျောက်မမြန်ဘူး"
မျက်နှာချင်းဆိုင်အနေအထားမှ တဖက်သို့ခေါင်းလှည့်သွားသော ဂယူဗင်းကြောင့် ယူဂျင်းသက်ပြင်းချမိလိုက်သည်။
မေးကိုကိုင်၍ သူနှင့်မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် ပြန်ဆွဲလှည့်လိုက်သည်။
ထိုမှတစ်ဆင့် သူ့လက်ထဲတွင်ကိုင်ထားသော ဂွမ်းတံအား မျက်နှာပေါ်မှဒဏ်ရာဆီသို့ ဉီးတည်လိုက်သည်။ဂယူဗင်း သူ့ရှေ့က ကောင်လေးရဲ့မျက်နှာလေးအား အနီးကပ်မြင်တွေ့လိုက်ရတာကြောင့် ရင်ခုန်သွားသည်မှာ လိမ်လို့မရအောင်ပင်။
ယုန်ဖြူလေးတစ်ကောင်သဖွယ် အိစက်နူးညံ့နေလောက်မဲ့ ပါးလေး။နှာတံစင်းစင်းလေးနှင့်အတူ နှာခေါင်းပေါ်၌ မှဲ့အနက်လေးတစ်လုံး။မျက်မှန်အတွင်းမှမြင်ရသော ယုန်မျက်လုံးလို မျက်လုံးတစ်စုံဟာ သူ့မျက်နှာပေါ်မှ ဒဏ်ရာတွေအား ဆေးထည့်နေရာမှ ရွေ့လျားနေသည်။
ကော့ညွှန့်ကာ သဘာဝအတိုင်း ပန်းရောင်သန်းနေသည့် နှုတ်ခမ်းပါးနှင့်အတူ သူ့မျက်နှာပေါ်မှဒဏ်ရာအား လေမှုတ်ပေးနေပုံမှာ ချစ်စရာ။ပြတင်းပေါက်မှ တချက်တချက်တိုက်ခတ်လာသော လေညှင်းလေးနှင့်အတူ လွှင့်လျားသွားသော အနက်ရောင်ဆံနွယ်များ။
ပန်းရနံ့သဖွယ် သင်းပြန့်နေသော ခေါင်းလျှော်ရည်အနံ့လေးအား တဝကြီးရှူရှိုက်မိလိုက်သည်။"ပြီးပြီ"
ခဏလေးအတွင်းမှာတင် သူ့မျက်နှာပေါ် ကပ်လျက်သားရှိတဲ့ ပလာစတာ နှစ်ခု။
ယူဂျင်းဂွမ်းတံတွေနှင့် ပလာစတာအခွံများအား အမှိုက်ပုံးထဲပစ်လိုက်သည်။