ဒီမနက် ယူဂျင်းကျောင်းဝန်းထဲအရောက် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု တွေ့မြင်လိုက်ရသည်။
ထိုအဖြစ်အပျက်မှာ ရှင်းအာယောင်းအား ရဲဝတ်စုံဝတ်ထားသော ရဲတွေမှ
"ကျွန်တော်က ________ရဲစခန်းက စခန်းမှူးပါ ဟန်ယူဂျင်းကို လုပ်ကြံမှုနဲ့ ခများကိုဖမ်းဆီးရပါတယ် ရှင်းအာယောင်းရှီး"
ဟုဆိုကာ ဖမ်းဆီးသွားခဲ့သည်။
ကျောင်းဝန်းထဲရှိ ကျောင်းသူ ၊ ကျောင်းသားအားလုံးမှာလဲ အာယောင်းကိုကြည့်လိုက် သူ့ကိုကြည့်လိုက်တဲ့ အလုပ်များနေကြသည်။ယူဂျင်းလဲ ထိုစကားကြားပြီးတာနှင့် ရှော့ရသွားသလို မျက်တောင်,တောင်မခတ်နိုင်ဘဲ ငြိမ်နေမိသည်။
သူ့ကိုလုပ်ကြံတာက ရှင်းအာယောင်းတဲ့လား။သူနဲ့ဘာရန်ညှိုးရှိလို့များ သူ့ကိုဒီလိုလုပ်ရတာလဲ။
ယူဂျင်း ဒီနေ့အတန်းမတက်နိုင်တော့ပါ။
သူ ရှင်းအာယောင်းအား ဖမ်းဆီးသွားသော ရဲစခန်းထံသို့ အပြေးအလွှားသွားရောက်ခဲ့မိသည်။နောက်ဆုံးတော့တွေ့ပါပြီ။ငိုယိုနေတဲ့ ရှင်းအာယောင်းကိုပေါ့။
သူ့ကိုတွေ့တော့ အာယောင်းမှ အားနာသလိုမျက်ဝန်းများဖြင့်ကြည့်လာခဲ့သည်။
"ဟန်ယူဂျင်း...ငါ - ငါတောင်းပန်ပါတယ်"
ယူဂျင်းကတော့ ရှင်းအာယောင်းအား မယုံနိုင်တဲ့မျက်ဝန်းများဖြင့်သာစိုက်ကြည့်နေမိသည်။
သူစိတ်နာသည်။သူမက သူနဲ့ဂယူဗင်းရဲ့ ဆက်ဆံကို
ဖျက်ဆီးခဲ့တာမဟုတ်လား။"ငါ - ငါလုပ်ချင်လို့လုပ်တာမဟုတ်ပါဘူး ငါဒီလိုလုပ်မယ်ဆိုရင် မောင်နဲ့အရင်လိုဆက်ဆံရေးပြန်ဖြစ်နိုင်မယ်ဆိုလို့ပါ ဟင့်!"
"ဒီလုပ်ကြံမှုမှာ နောက်ကွယ်ကတစ်စုံတစ်ယောက်ရှိသေးလား"
စခန်းမှူးမှ အာယောင်းအား စိုက်ကြည့်၍ မေးမြန်းလာသည်။
ထို့နောက် မထင်မှတ်ထားတဲ့ အဖြေတစ်ခုကြောင့်
ယူဂျင်းခြေမခိုင်တော့သလိုဖြစ်သွား၍ နောက်သို့လဲကျသွားသည်။
ထင်ထားသလို မြေပြင်နဲ့မိတ်မဆက်ရဘဲ ရင်းနှီးသလို အငွေ့အသက်ရှိတဲ့ရင်ခွင်ထဲ လဲကျသွားတာကြောင့် ဝဲတက်နေတဲ့မျက်ရည်တွေတောင် ချက်ချင်းပါးပြင်ပေါ် စီးကျလာခဲ့သည်။