9

316 48 15
                                    

ဂယူဗင်းတစ်ယောက် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ ဟိုကလေးလေးရဲ့ ပါးကိုနမ်းလိုက်မိတဲ့ အကျိုးရလဒ်ကတော့ သူ့ကိုပိတ်ရက်မှာ စာလဲလာမပြသလို စာပို့ရင်လဲ seenပြပြီးစာမပြန်။

ဒီနေ့တော့ အဲ့လိုပလစ်လို့မရအောင် သူ့လက်စွမ်းပြရမယ်။
ဒီနေ့က တနင်္လာနေ့ဖြစ်သလို စာမေးပွဲပထမရက်လဲဖြစ်တယ်။
ငါးရက်တာ စာမေးပွဲကိုစိတ်မပူဘဲ ဟိုကလေးသူ့ကို ဘယ်ချိန်ထိများ ပလစ်မလဲဆိုတာကိုသာ စိတ်ပူနေမိတယ်။

ဘဲလ်တီးသံနှင့်အတူ အတန်းတိုင်းမှ ထွက်လာကြသော ကျောင်းသား၊ကျောင်းသူများကြား သူ့ကလေးလေးအားရှာဖွေနေမိသူမှာ သူသာပင်။

သူ့ကလေး ဖြေရောဖြေနိုင်ရဲ့လား။
သူ့ကလေးက စိတ်တော်ပြီးသားမို့ဖြေနိုင်မှာပါ။
ထိုနည်းတူ သူလဲ ဒီလစာမေးပွဲပထမရက်ကိုကောင်းကောင်းဖြေဆိုနိုင်သည်။
သူ့ကလေးစာပြတာကောင်းလို့ပဲနေမှာပေါ့။

နံရံကိုမှီ၍ လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး နောက်လက်တစ်ဖက်က လွယ်အိတ်အားကိုင်ထားပုံမှာ ‌မြင်သူတိုင်းကြွေလောက်အောင် မိုက်သည်။

ရုပ်တည်ကြီးဖြင့် ဟန်ယူဂျင်းတို့ ဖြေဆိုတဲ့အ‌ခန်းကိုသာ စိုက်ကြည့်နေပုံမှာ စွဲဆောင်မှုအလွန်ရှိ။

ယူဂျင်းတစ်ယောက် လွယ်အိတ်အပ်ထားသော နေရာ၌ သူ့လွယ်အိတ်သူပြန်ယူကာ သိမ်းစရာရှိတာတွေသိမ်း၍ အခန်းထဲမှ ထွက်လာခဲ့သည်။
အချိန်သိပ့်မရတာ‌ကြောင့် ခေါင်းမဖော်နိုင်အောင်
ခပ်မြန်မြန်ဖြေဆိုခဲ့တာမို့ သူဇတ်ညောင်းနေခဲ့ပြီ။

လက်သီးဖြင့် ဇတ်ကို ထု၍ အခန်းထဲမှအထွက် ခပ်လှမ်းလှမ်းထောင့်တစ်ခုတွင် သူ့အားလှမ်းကြည့်နေသော ဂယူဗင်းနှင့်အကြည့်ချင်းဆုံသည်။

သူလုံးဝ ဂယူဗင်းကို စိတ်ဆိုးသည်။
ချက်ချင်းပဲဖွင့်ပြော ချက်ချင်းပဲ အသားယူတာ မလွန်လွန်းဘူးလား။

‌ချစ်သူ‌တွေဖြစ်သွားမှ နမ်းရင်လဲတစ်မျိုးပေါ့။

သူဂယူဗင်းဆီမှ အကြည့်လွှဲကာ မမြင်ချင်ယောင်ဆောင်၍ ဂယူဗင်းရှေ့မှ ဖြတ်လျှောက်လိုက်သည်။

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now