My little alien 1.1

977 125 24
                                    

လူ့ပတ်ဝန်းကျင်၊ ဟန်ဆောင်လိမ်ညာမှု၊ လူမှုရေး
အပြုံးတွေက ကျွန်တော်နဲ့ သိပ်မရင်းနှီးပါဘူး။
ဒါတွေကြောင့် ကျွန်တော်ဟာ တစ်ဦးတည်း သင်း
ကွဲနေခဲ့မည်ဆိုလျှင်လည်း ကျွန်တော်က သီးသန့်
နေထိုင်ခြင်း၏ အဆွေခင်ပွန်းကောင်း ဖြစ်နေပြန်
သည်။

ဒီလောကထဲ ရောက်လာကတည်းက ကျွန်တော့်
တွင် သင်ယူစရာသိပ်များခဲ့သည်။ ပထမဆုံးသင်
ယူခဲ့ရသည်က အမေ၊ အဖေ နှင့် ကိုကိုတို့ဖြစ်
သည်။ ကျွန်တော်က အမေ့ဗိုက်ထဲကနေ ထွက်လာသည်ဟု အဖေက ရှင်းပြခဲ့ပြီး ကိုကိုက
တော့ ကျွန်တော့်ထက်အရင် ၁၀ နှစ်စောရောက်
ခဲ့သည်ဟု သိရသည်။ဒါဆို ကျွန်တော်အမေ့ဗိုက်ထဲကို ဘယ်လိုဝင်သွားတာလဲလို့ မေးတော့ အဖေက မဖြေနိုင်တော့ပေ။ သူက နည်းနည်း စဉ်းစားနေပုံရပြီး နောက်တော့ကောင်းကင်က ပြုတ်ကျလာလာသည်ဟု ဖြေလေ၏။

ဒီလိုနဲ့ ကျွန်တော် မိုးပေါ်က ပြုတ်ကျလာပြီး ငါး
နှစ်ကြာတဲ့အခါ နောက်ထပ် သင်ယူစရာ များပြား
လှသည့် နေရာမျိုးကို အဖေက ပို့ပေးခဲ့သည်။ သူ
တို့ကတော့ မူကြိုကျောင်းလို့ခေါ်ပြီး ကျွန်တော်နဲ့
အရွယ်အစား ခပ်ဆင်ဆင်တွေကို တွေ့ရသည်။
သို့ပေမယ့် သူတို့က ကျွန်တော်နဲ့တော့ လုံးလုံးမ
တူကြပါချေ။ ကျွန်တော်တို့ကို အခန်းတစ်ခန်းထဲ
မှာ ထိုင်ခုံတွေနဲ့ ထိုင်ခိုင်းပြီး ‌အဖေကတော့ ပြန်
သွားသည်။ ကျွန်တော့်ဘေးက တစ်ယောက်က
ပြဲလန်နေအောင်အော်နေသည်။ ဒါကတော့ ငို
တယ်လို့ခေါ်ပြီး ကျွန်တော် ကမ္ဘာပေါ်ရောက်ပြီး
ဘယ်လောက် မှ မကြာခင်မှာပဲ သိပ်မငိုဖြစ်တော့
ဘူးဆိုတာ မှတ်မိလိုက်သည်။

ထူးထူးဆန်းဆန်းတွေ အများသား။ ရှေ့ကကောင်ရဲ့ ခေါင်းက ဆံပင်တွေက ကာတွန်းကား
ထဲက ဂျိုနှစ်ချောင်းလိုထောင်နေသည်။ ကျွန်
တော်လည်း မတွေ့ဖူးတာနှင့် သွားဆွဲကြည့်လိုက်
တော့ အဲ့ကလေးက ငိုရော။ အဲ့တာနဲ့ငယ်ငယ်လူ
ကြီးတစ်ယောက်က ရောက်လာပြီး ကျွန်တော့်ကို
လွှတ်ခိုင်းသည်။ နောက် မလုပ်ရန်နှင့် ထပ်လုပ်
လျှင် အပြစ်ပေးခံရမည်ဟု ပြောသည်။

ဒီလိုနဲ့ ကျွန်တော်ဘယ်က လာမှန်းမသိဘဲ ဒီကမ္ဘာ
ထဲမှာ တစ်ခုပြီးတစ်ခု သင်ယူရင်း စာဖတ်တတ်တဲ့ အရွယ်မှာပဲ ကျွန်တော့်ရဲ့ဇစ်မြစ်ကို သတင်း စာတစ်ခုကနေ တွေ့ရှိသွားရသည်။ ကမ္ဘာပေါ်၌
လူသားတွေရဲ့ တီထွင်နိုင်စွမ်းထက် အဆပေါင်း
များစွာသာလွန်သည့် အပြားပုံစံ ယာဉ်ငယ်ဟာ
ပျံသန်းနေပုံကို တွေ့ရှိရမိထားသည်။ စာတန်း
ထဲက ဖော်ပြချက်အရတော့ ထိုအရာက သိပ္ပံ ပညာရှင်များ နှစ်ပေါင်း များစွာ အဖြေမထုတ်
နိုင်သည့် ကမ္ဘာခြားလူသားတွေ၏ ပိုင်ဆိုင်ရာ
ဖြစ်ရမည်ဟု ကောက်ချက်ချကြသည်။

my little alien : our homeWhere stories live. Discover now