My little alien 1.5

581 107 72
                                    





ကျွန်တော် ဂင်ဘတ်အတွက် ညစာကိုချကျွေး
လိုက်ပြီး သူ့အမွှေးတိုတိုလေးတွေကို ပွတ်သတ်
ပေးလိုက်တော့ ကောင်းကောင်းစားသည်။

" အာ.. ဟုတ်သားပဲ၊ ဓာတ်ပုံရိုက်ထားရမယ်.."

ဆိုဖာပေါ် တင်ထားသည့် ဖုန်းကိုအပြေးလေး
ယူကာ ခေါက်ထားသည့်ဖုန်းလေးကို ဖြည်း
ဖြည်းချင်း ဆွဲဆန့်လိုက်၏။

ဆောင်းဟွန်း ဖုန်းဝယ်ပေးပြီးသည့်နောက်
ကျွန်တော် ဓာတ်ပုံရိုက်ရတာကို သဘောကျ
လာပြီး ကျွန်တော့်ဖုန်းထဲမှာတော့ ဂင်ဘတ်ပုံ
တွေအများသား။

" အာရီးဂိုးး ချစ်ဖို့ကောင်းလိုက်တာ.."

pose မျိုးစုံနှင့် ဂတ်ဘတ်၏ ပုံတွေကြားတွင်
ဆောင်းဟွန်း၏ ပုံအနည်းငယ်လည်း ကြားညှပ်
ပါလာသေးသည်။ ထို့နောက် ကျွန်တော် အချိန်
ကို ကြည့်လိုက်ပြီးနောက် ဆောင်းဟွန်းကိုဖုန်း
ခေါ်လိုက်သည်။ ခေတ်နောက်ကျတာတော့ မ ဟုတ် ပေမယ့် အခုထိ ကျွန်တော့်အတွက်အသစ်
အဆန်း ဖြစ်နေသည့်အရာမို့ ခဏခဏ လုပ်ချင်
နေတော့တာ။ ဖုန်းခေါ်တာရော။ စာပို့တာရော။
ကျွန်တော့်မှာလည်း ဆက်သွယ်စရာက ဆောင်း
ဟွန်း တစ်ယောက်တည်းရှိတာကိုး။

သို့သော် ဆောင်းဟွန်းက ဖုန်းမကိုင်။ ထို့နောက်
ကျွန်တော့်ရဲ့ ပုရွက်ဆိတ်ခရီးသွားသည့် အရှိန်
လောက်နှင့် စာတစ်လုံးချင်းစီရိုက်ကာ ဆောင်း
ဟွန်းကို စာပို့လိုက်၏။

" ဘယ်.. တော့.. ပြန်.. လာ.. မှာ.. လဲ..
ပို့သည်.."

ကျွန်တော် ခဏစောင့်လိုက်ပေမယ့် ပြန်စာ
မလာတာပေ။ သူမအားတာဖြစ်ရမည်။ ဒီလိုဆို
ကျွန်တော် ဆက် မနှောင့်ယှက်သင့်တာကြောင့်
ဂင်ဘတ်ကိုသာ အာရုံစိုက် တော့မည်ဟု တွေး
လိုက်စဉ်တွင်ပင် ဆောင်းဟွန်းက အခန်းတံခါး
ကိုဖွင့်ကာ ဝင်လာသည်ကို တွေ့လိုက်ရ၏။

" ဆောင်းဟွန်း ! ပြန်လာပြီလား.. ကျွန်တော်
စာပို့ထားတာ မြင်လား.. ဘာလို့စာမပြန်တာ
လဲ။ ကျွန်တော်တို့ ဒီပိတ်ရက်ရော အပြင်ထွက်
ရမှာလား.. ဒီတစ်ခါသွားရင် ဂင်ဘတ်ကိုခေါ်
သွားရအောင်.. "

my little alien : our homeWhere stories live. Discover now