My little alien 1.7

540 115 76
                                    

အချစ်။

ကံကောင်းထောက် မစွာနှင့် ကျွန်တော်အချစ်
အကြောင်းကို လေ့လာခွင့်ရခဲ့ပါသည်။ ဂျောင်
ဝန်း၏ အကူအညီနှင့် ကျွန်တော် စာအုပ်တွေ
ဝယ်လာခဲ့သည်။ ဂျောင်ဝန်း ပြောကတည်းက
ကျွန်တော် စိတ်ဝင်စားနေခဲ့တာ။ အဲ့တာကဘာ
ကြီးမို့လို့ လူတိုင်းရဲ့ ပါးစပ်ဖျားက မချနိုင်ကြ
တာလဲ။ ဇာတ်လမ်းတွဲတွေထဲမှာရော၊ ကာတွန်း
ကားထဲမှာတောင် အချစ်အကြောင်းကပါသေး
သည်။ သို့သော် ကိုကိုရော၊ ဆောင်းဟွန်းရောက
တစ်ပုံစံတည်းပဲ။ ကျွန်တော့်မှာ အဲ့တာတွေကြည့်
ခွင့်မရှိဘူးလေ။ ဇာတ်ကားထဲအချစ်အကြောင်း
ပြောနေတာမြင်တာနှင့် တီဗွီကို လာပိတ်ပစ်ကြ
တာ။

ဆောင်းဟွန်း အလုပ်သွားနေသည့်အချိန်မျိုးမှ
ပဲ ကျွန်တော် ဖွက်ထားသည့်စာအုပ်တွေကိုထုတ်
ဖတ်လိုက်သည်။

လူတွေက အချစ်ရှေ့တွင် ကြည့်ကောင်းချင်ကြ
သည်.. လွန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော့်ပုံစံကို
ပြန်တွေးမိသွားသည်။

အဲ့တုန်းက ကျွန်တော် အိပ်ရာထတဲ့ပုံစံကိုကြည့်
ပြီး ဆောင်းဟွန်းရယ်သွားသည့်နေ့ကတည်းက
ဒီနေ့ထိ သူ့ထက်အရင် အမြဲအိပ်ရာထဖြစ်အောင်
ကြိုးစားခဲ့တာဖြစ်သည်။ ဘာလုပ်ဖို့လဲ ? အရင်
ထပြီး မျက်နှာသစ်၊ အင်္ကျီလဲပြီး ဆောင်းဟွန်း
ထပ်ရယ်တာ မခံရအောင်ပေါ့ ! အဲ့တာနဲ့ဆောင်း
ဟွန်းကို ပြန်လှောင်မလို့ ကျွန်တော် ပြင်ဆင်ပြီး
ထိုင်စောင့်နေပေမယ့်.. အဲ့လူကဘာလဲ ? ဘာလို့
၂၄ နာရီပြည့်စုံနေတာလဲ ? အပြစ်ရှာစရာ မရှိဘူး
ဗျ !

အချိန်တိုင်း ထိုသူ့အနားတွင်သာ ရှိချင်မည်..?
ဘာလဲ ? တကယ် ကျွန်တော်ပါပဲလား !

ကျွန်တော်နေ့အချိန်တွေကို သိပ်မကြိုက်ဘူး။
ဆောင်းဟွန်းမရှိလို့လေ။ မနက်စာထပြင်ရင်း
အတူတူရှိနေသည့် မနက်အစောပိုင်းတွေနှင့်
ဆောင်းဟွန်းအိမ်ပြန်လာတတ်သည့် ညဦးပိုင်း
တွေကို သဘောကျသည်။ နောက်တစ်ချက်က
ဆောင်းဟွန်းကိုယ်က အလွန်နွေးသည်လေ !
အဲ့တာကြောင့် ဆောင်းဟွန်း မတ်တပ်ရပ်နေ
လျှင် အနောက်ကဖက်ကာ ကပ်လိုက်ပြီး ဆို
ဖာပေါ်မှာ ထိုင်အလုပ်လုပ်နေရင် သူ့ပေါ်မှာ
မှီပြီး အိပ်တတ်သည်။ အင်းလေ.. ဆောင်းဟွန်း
ကလည်း မတားတော့ သူသက်တောင့်သက်သာ
ဖြစ်လား မဖြစ်လားကိုတော့ ထည့်မတွက် မိဘူး။

my little alien : our homeWhere stories live. Discover now