My little alien 1.6

662 118 69
                                    








" အရမ်းလှ.. မဟုတ် ဘယ်လိုပြောရမလဲ.."

အင်္ကျီဝတ်ပေးသည့်အစ်မက ကျွန်တော့်ကို
ကြည့်ကာ စကားလုံးရွေးချယ်မရဖြစ်နေပုံရ
သည်။ ကျွန်တော်လည်း သူဘာဆက်ပြောလာ
မလဲ စောင့်စားနေရင်း..

" အရမ်း.. သတို့သားက အရမ်းကံကောင်းမှာပဲ "

" သတို့သား..?"

ဆောင်းဟွန်းကို သတို့သားဟု ရည်ညွှန်းလိုက်
တော့ ကျွန်တော့်ရင်ထဲ တလှပ်လှပ်ခံစားမှုက
သိသာလာသည်။ လက်ထက်ပွဲတွင်အမျိုးသား
က အနောက်တိုင်းဝတ်စုံဝတ်ပြီးအမျိုးသမီးက ဂါဝန် လှလှလေးဝတ်ကာကျင်းပသည်ကို ကျွန် တော် အသက် ဆယ့်ခြောက်နှစ်က မြင်တွေ့ဖူးပြီး ကိုကိုကတော့ ကျွန်တော့်ကို ရှင်းပြရန်ခက်
ခဲဖူးသည် ထင်ပါ၏။ သို့သော် နောက်ပိုင်းတွင်
ကျွန်တော် ကိုယ်တိုင် သိလာရသည်က လူသား
များကြားတွင် ထူးထူးခြားခြား ချည်နှောင်တတ်
သည့် မမြင်ရသည့် ကြိုးတစ်ချောင်းရှိကြသည်
ကိုပင်။

ထိုအရာက သူစိမ်းနှစ်ယောက်ကြားမှာ ဖြစ်ပေါ်
တတ်ပြီး ထိုနှစ်ယောက်ဟာ တစ်ယောက် မရှိလျှင် မရှင်သန်နိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်လာ
ပြီးနောက် နောက်ဆုံးတွင် သေသည်အထိအတူ
တကွနေထိုင်သွားရန် ရည်ရွယ်ချက်ဖြစ် လက်
ထက်ကြလေသည်ဟု စာအုပ်တစ်ခုတွင် မှတ်ယူ
ခဲ့ရသည်။ ထို့ကြောင့်ဆောင်းဟွန်းက လက်ထက်
ကြမယ် ပြောတော့ ကျွန်တော့်မှာ တွေးစရာတွေ
ရှိလာခဲ့သည်။

စာအုပ်က မှန်တာလား မှားတာလား။ ကျွန်တော်
ဆောင်းဟွန်းကို ကိုကို့လောက်နီးပါးတော့သ ဘောကျပေမယ့် သူမရှိဘဲ မရှင်သန်နိုင်ဘူးလို့
တော့ မခံစားရဘူး။ ဒါ့အပြင် ဆောင်းဟွန်းက
ရော.. ဒါကိုတော့ ကျွန်တော် သိချင်သည်။

" ပြီးပြီလား.."

ဆောင်းဟွန်း အသံပဲ။ သူကျွန်တော့်ကို စိတ်မ
ရှည်တော့ဘူးထင်တယ်။ မှန်ထဲတွင် ကျွန်တော့်
ပုံစံကို နောက်ဆုံးတစ်ခေါက်အနေနှင့်ကြည့်
လိုက်ပြီးနောက် ကျွန်တော့်ရှေ့မှ ကန့်လန့်ကာ
က ဖယ်ခွာသွားပြီး ဆောင်းဟွန်းကို တွေ့လိုက်
ရသည်။ ဆောင်းဟွန်းက ကျွန်တော်နှင့်ဆင်တူ နက်ပြာရောင်ကတ္တီပါအနောက်တိုင်းဝတ်စုံကို
ဖဲပြားလေးနှင့် ဝတ်ထား၏။

my little alien : our homeWhere stories live. Discover now