My little alien 1.8

592 120 58
                                    

ကျွန်တော် အိပ်ရာနိုးလာတော့ ကျွန်တော့်အိပ်ရာ
၏ တစ်ဖက်ခြမ်းမှာ နွေးထွေးနေဆဲ။ မသိရင်ဘေး မှာတစ်ယောက်ယောက် လာအိပ်သွားသ
လိုပါပင်။ ဒါ ကျွန်တော့်ရဲ့ ထင်ယောင်ထင်မှား
သက်သက်လည်း ဖြစ်နိုင်ပါသည်။

ကျွန်တော် မနက်စာကိုလည်း တိတ်တဆိတ်စား
ပြီး ဆောင်းဟွန်းနှင့် စကားမပြောချင်ပါပေ။ ကျွန်တော့်ကို အခန်းတံခါးပိတ်ထားတာကိုစိတ်
ထဲ အခုထိ နေလို့မကောင်းသေးသောကြောင့်
ဆောင်းဟွန်းနှင့် စကားမပြောချင်ပါ။ သို့သော်
လည်း ဆောင်းဟွန်းက ကျွန်တော် သတင်းကြည့်
ရင်းစားနိုင်အောင် အစေ့လွတ်စပျစ်သီးတွေချ
ထားပေးဆဲ။ ကျွန်တော် မသိချင်ယောင်ဆောင်
နေစဉ်မှာပင် ဆောင်းဟွန်းက အိမ်ကထွက်သွား
ပြီ ဖြစ်သည်။

စိတ်ဆိုးနေတာလည်း ကျွန်တော်ပါပဲ။ စကားမ
ပြောချင်တာလည်း ကျွန်တော်ပေမယ့် ဘာလို့
ဆောင်းဟွန်းစကားမပြောတဲ့အခါကျ စိတ်မ
သက် မသာ ဖြစ်နေမှန်းမသိဘူး။ အိမ်တံခါးကို
ပဲ စိုက်ကြည့်နေရင်း မကျေမနပ်တစ်ယောက်
တည်း ကျန်ခဲ့ရပြန်သည်။ ထိုအချိန် ဂင်ဘတ်က
ကျွန်တော့်ပေါင်ပေါ် ခုန်တက်လာပြီးလက် မောင်း
ထဲတိုးဝှေ့ကာ အစာတောင်းနေ၏။

" ငါ့ ခံစားချက်တွေကိုငါတောင် နားမလည်တာ ဆောင်းဟွန်းကဘယ်နားလည်ချင်ပါ့မလဲ.. သူနားလည်ဖို့ကြိုးစားနေတဲ့ပုံလည်း မပေါ်ပါဘူး.."

ဂင်ဘတ်ကို ရင်ဖွင့်လိုက်ပြီးနောက် သူ့အတွက်
အစာနှင့် ရေကို ခွက်ထဲ ဖြည့်ပေးလိုက်သည်။

" ဒါ ဒီတစ်နေ့စာပဲရှိတော့တာပဲ၊ ဂင်ဘတ်
ချွေတာပြီး စားတော့။ မနက်ဖြန်မှ ထပ်ဝယ်
ရတော့မှာပဲ.."

ဂင်ဘတ်ကို ပွတ်သတ်ပေးနေရင်းမှ ဂင်ဘတ်
လည်ပင်းတွင် ပြောင်လတ်နေသည့်ခြူလုံးလေး
က နေရာယူထားမှန်း ကျွန်တော်မြင်လိုက်ရ၏။

" ရား.. ဂင်ဘတ်၊ မင်းဘယ်တုန်းက လည်ဆွဲရ
သွားတာလဲ.."

လည်ပင်းက ခြူလုံးနှင့်အတူ ဆွဲထားသည့်အပြား လေးတွင် အရှေ့၌ "ကာကွယ်ရေးတပ်
မှူး ဂင်ဘတ်" ဟုရေးထားပြီး အနောက်ဘက်
တွင် လိပ်စာနှင့် ဆောင်းဟွန်း၏ ဖုန်းနံပါတ်ကို
ထည့်ထား၏။

my little alien : our homeWhere stories live. Discover now