My little alien 1.4

474 109 41
                                    


အခုတလော ကျွန်တော်စိတ်ဝင်စားနေတာရှိ
တယ်ရော်။ မီးပန်းတွေ။ မနေ့ကပဲ တီ‌‌ဗွီမှာတွေ့
လိုက်ရသည်။ ဂျပန်နိုင်ငံက မီးပန်းပွဲတော်။အဲ့ဒါက ဂျပန်နိုင်ငံရဲ့ အထင်ကရပွဲတော်တစ်ခုလည်းဖြစ်ပြီးတော့ မိနစ်ကိုးဆယ်လောက် မရပ်မနား မီးပန်းတေ‌ွဖောက်ကြတာတဲ့။

" ဆောင်းဟွန်း၊ ကျွန်တော် ဂျပန်နိုင်ငံက
မီးပန်းပွဲတော်ကို သွားချင်တယ်.."

ညစာစားနေသည့် ဆောင်းဟွန်းဘေးတွင်ထိုင်
ရင်း ကျွန်တော် ပြောလိုက်သည်။

" ဒီမှာလည်း ရှိတယ်.."

" ရှိတာလား..?"

ကျွန်တော် အံ့ဩသွားသည်။ကျွန်တော် တစ်ခါ
မှ မမြင်ခဲ့ဖူးပေ။ ဒီလောက်လှတဲ့ အရာမျိုးကို
ဘာလို့ ကျွန်တော်မမြင်အောင် ဖွက်ထားကြတာ
လဲ။

" အဲ့တာက အဲ့လိုမျိုးလား၊ ပုံစံမျိုးစုံနဲ့၊ မိနစ်
ကိုးဆယ်လောက် အကြာကြီးလေ..  ကျွန်တော်
အကြာကြီး ကြည့်ချင်တာ.."

ဆောင်းဟွန်းက စားလက်စတူကို ချလိုက်ပြီး
ပြော၏။

" မင်း ဘာလို့ ဖြစ်ချင်တာတွေ အရမ်းများရ
တာလဲ.."

" အဲ့တာက.. စူးစမ်း.. လေ့လာ ချင်စိတ်လို့
ပြောရမယ် ထင်တယ်။ ဂြိုလ်သားတွေရဲ့
ပင်ကိုယ်ဗီဇတွေထဲက တစ်ခုပေါ့.."

ထို့နောက် ဆောင်းဟွန်းက နှုတ်ခမ်းကို ပုဝါ
ဖြင့် သုတ်လိုက်ပြီး..

" ဟုတ်တယ်။ ဒါဆိုရင် ဟင်းချက်တာလည်း
လေ့လာကြည့်ပါလား။ နောက်ပိုင်း အလုပ်များ
လာတာနဲ့ မနက်ငါးနာရီ ထမင်းသုံးနပ်စာထချက်
ရတဲ့အလုပ်ကို ငါ့ခန္ဓာကိုယ်က လက် မခံနိုင်တော့
ဘူးထင်တယ်.."

အဲ့တာကတော့ နည်းနည်းစဉ်းစားရမည်။ ဟင်း
ချက်တာနှင့် ပတ်သတ်ပြီး ကျွန်တော့်မှာ အမြင်
ကောင်းတွေ ရှိမနေ။ ကိုယ့်ဘက်က တစ်ခုခုပြန်
ခုခံရမည်ကို စဉ်းစားမိတော့ ခေါင်းထဲကတစ်
ကြောင်းသာထွက်လာသည်။

" ကျွန်တော်လည်း.. ကျွန်တော်လည်း.. ဂင်ဘတ်
အတွက် သုံးနပ်စာ ပြင်ပေးရတယ်လေ။ အစာ
လည်း ကိုယ်တိုင် သွားဝယ်ရတာ ! ကျွန်တော်လည်းပင်ပန်းတယ် !!"

my little alien : our homeWhere stories live. Discover now