My little alien 2.1

486 105 64
                                    

" ဆောင်းဟွန်း.. လာလေ.."

ဆန်းဝန်း၏ ဧည့်ခံကြိုဆိုမှုကြောင့် ဆောင်းဟွန်း
တုန့်ဆိုင်းစွာဖြင့်ပင် ခြံထဲသို့လိုက်ဝင်လာ၏။
ဆန်းဝန်းက သူနှင့် တက္ကသိုလ်တွင် သိခဲ့ရသော
သူငယ်ချင်းဖြစ်ပြီး ဆောင်းဟွန်းကတော့ ဖာသိ
ဖာသာ သာနေတတ်၏။

" ရတယ်၊ ငါခြံထဲမှာပဲ စောင့်နေမယ်.."

" ဟာ.. ဘယ်ဖြစ်မလဲကွာ၊ ရောက်လက်စနဲ့အိမ်
ထဲ ဝင်ထိုင်ပါဦး.."

ဆန်းဝန်းတို့က သူ့ရဲ့မွေးစားမိသားစုလောက်
မချမ်းသာသော်လည်း လူကုန်ထန်မျိုးရိုးပဲပေ
မို့ သူတို့အိမ်၏ ခြံဝန်းကလည်း ကျယ်ကာအ
မျိုးမျိုးသော အလှဆင်နေရာများလည်းရှိ၏။
သက်တမ်းရင့်နေသည့် သစ်ပင်ကြီးတွေ၊ ပန်း
ခတ်အနွယ်များနှင့် အလှဆင်ထားသည့် ဒန်း
အဖြူရောင်။ ရေတံခွန်အတုနှင့် ကျယ်ပြော
သော ရေကန်တို့။

" ငါ ခြံထဲပတ်ကြည့်ပြီး စောင့်နေလိုက် မယ်"

ထိုအခါ ဆန်းဝန်းလည်း သူ့ကို မခေါ်တော့ဘဲ..

" ဟုတ်ပြီ၊ အဲ့တာဆိုလည်း ရေကန်ဘက်ကိုသွား
ကြည့်လိုက်။ အဲ့ကို လက်ဖက်ရည်ပို့ထားပေးဖို့
ငါ ပြောထားလိုက် မယ်.."

အဲ့လောက်ထိ မလိုအပ်ကြောင်းပြောချင်သော်
လည်း ဆန်းဝန်းက အိမ်ထဲဝင်သွားပြီဖြစ်သည်။
သူက ငှားထားတဲ့ စာအုပ်တွေပဲ လိုက်ယူတာဖြစ်
လို့ ယူပြီးတာနှင့် ပြန်ချင်သည်။ သို့သော် ဆန်းဝန်းက လက် မခံပါပေ။ ထိုသို့နှင့် ဆောင်းဟွန်း
လည်း ခြံထဲသို့ ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်
သည်။ မကြာခင်လေးကတင် သူအဝေးကတွေ့
ခဲ့သော သစ်ပင်ကြီးမှာ အနားရောက်လာတော့
ပို၍ ကြီးမားသယောင်ရှိလာပြီး အကိုင်းအခတ်
တွေနှင့် ဝေဆာနေ၏။ ထို့နောက် သစ်ပင်ပင်စည်
ရှိ အထစ်ထစ်နှင့် ခုတ်ရာထစ်ရာများကကလေး
တစ်ယောက် လက်ဆော့ထားသလိုပါပင်။

ထို့နောက် အိမ်ဘေးကိုပတ်လိုက်လျှင် ဆန်းဝန်း
ပြောသည့် ရေကန်နားသို့ ရောက်လေ၏။ ရေ
ကန်ဘေးတွင် အပန်းဖြေနိုင်ရန် စားပွဲတစ်ဝိုင်း
ရှိပြီး သူရောက်သွားသော အိမ်စေတွေကစားပွဲ
ပေါ် လက်ဖက်ရည်များချနေသည်ကို မြင်လိုက်
ရလေသည်။ ပြီးနောက် အသီးသီးထွက်သွားကြ
တော့၏။

my little alien : our homeWhere stories live. Discover now