🍥1🍥

1.6K 133 73
                                    

Unicode

" မင်းဘာလုပ်နေတာလဲ...ငါရောမင်းနဲ့တူတူဆော့လို့ရလား..."

၇နှစ်အရွယ် ကလေးတစ်ယောက်က သူနဲ့ရွယ်တူ ကလေးလေးအား တူတူဆော့လို့ရလားမေးနေခြင်းဖြစ်သည်။

"ငါက မင်းနဲ့တူတူမဆော့ချင်ပါဘူး..."

ထိုသို့ တဖက်က ကလေးကပြန်ပြောလိုက်တော့ ဆော့ရအောင်လို့ စပြောတဲ့ကလေးက စိတ်တိုသွားကာ အရှေ့က ကလေးလေးအား တွန်းလိုက်လေသည်။

ထိုကလေးတွန်းတာက အရှိန်မပါသော်လည်း တွန်းခံလိုက်ရတဲ့ကလေးကခြေချော်ကာ နောက်ပြန်လဲကျကာ လက်ထောက်မိသွားသဖြင့်
လက်နာသွားရသည်။

ထိုကလေးနှစ်ယောက်တွင် တွန်းခံလိုက်ရတဲ့ကလေးက ဂျွန်ဂျောင်ဂုဆိုတဲ့ ကလေးလေးဖြစ်ပြီး တွန်းလိုက်တဲ့ကလေးလေးက ထယ်ယောင်းဆိုတဲ့ကလေးလေးဖြစ်သည်။

ထိုအချိန်ထဲက ကင်မ်ထယ်ယောင်းက တမင်လုပ်တာမဟုတ်သော်လည်း သူကြောင့်ထိသွား​ေသာတစ်ဖက်ကကောင်လေးကို ဆွဲထူပေးလိုက်သော်လည်း ထယ်ယောင်းအရှေ့က ကလေးကသူ့အမေဖြင့် ထယ်ယောင်းအားတိုင်တော့သည်။

ထယ်ယောင်းအမေအား  လက်နာသွားတဲ့ကောင်လေးအမေကကျိုး။

"ရှင့်သား တွန်းလိုက်တာ ကျွန်မသားလေး လက်နာသွားပြီး အဲ့ဒါရှင်ဘယ်လိုပြန်လုပ်ပေးမှာလဲ..."

"ဂျောင်ဆိုးမလား..."

" ဟင်...ဟာရင်း...နင်ကဒီကလေးအမေလား..."

"ဟုတ်တယ် ဂျောင်ဆိုးရယ် ငါတောင်းပန်ပါတယ် ငါ့သားလေးကြောင့် နင့်သားလေ လက်ကျိုးသွားလားမသိဘူး ဆေးရုံအရင်သွားရအောင်..."

ဆေးရုံသွားပြတော့ ဂျောင်ဂုကလက်ကျိုးသွားသဖြင့် ဆေးရုံစရိတ်ပေးကာ တောင်းပန်ပေမဲ့...ဂျောင်ဂုအမေက သူမသူငယ်ချင်း သားမို့လျှော်ကြေးလဲမယူပဲ ေကျအေးပေးလိုက်သည်။

ထိုအရာကို ၇အရွယ်ဂျောင်ဂုလေးကမကျေနပ်ပဲ သူ့အားလက်ကျိုးအောင်လုပ်တဲ့ ထယ်ယောင်းအားမုန်းနေသည်။

" ဂျောင်ဂု သားက သူငယ်ချင်းကတူတူဆော့မယ်ပြောတာကိုပေးမဆော့ဘူးဆို..."

♡Falling in love ♡(Completed )जहाँ कहानियाँ रहती हैं। अभी खोजें