🍥13🍥

572 65 26
                                    

Unicode

အပေါ့အပါးသွားဖို့နဲ့ မုန့်ဝယ်လို့ရရန်ကျောင်းကားခနနားတော့ ထယ်ယောင်းနဲ့ဂျောင်ဂုက အိပ်ရင်းကျန်ခဲ့ပြီး ကျန်တဲ့လူတွေအကုန်အောက်ဆင်းသွားကြပြီးဖြစ်သည်။

ဆူညံတဲ့အသံတွေကြောင့် ဂျောင်ဂုနိုးလာတော့ အားလုံးကအောက်ဆင်းနေကြတာတွေ့ရသည်။

သူ့ပခုံးပေါ်က ထယ်ယောင်းလဲ လှုပ်လာကာ အပေါ်မော့ကြည့်လိုက်တော့ သူ့အားစိုက်ကြည့်နေတဲ့ ဂျောင်ဂုကြောင့် လန့်သွားရကာ အမြန်ထလိုက်တော့ ဂျောင်ဂုနှာခေါင်းကို ထယ််ယောင်းခေါင်းနဲ့တိုက်မိသွားသည်။

"အာ့...ထယ်ယောင်း..."

"ဆောရီး...ဂျောင်ဂုနာသွားလား..."

နာသွားလားမေးရုံရှိသေး နှာခေါင်းထဲက သွေးတွေထွက်လာသောကြောင့် တစ်သျူးအမြန်ယူကာ သုတ်ပေးရသည်။

"မင်းခေါင်းက ပြင်းပုံရတယ် ထယ်ယောင်း..."

"တောင်းပန်ပါတယ် ငါကငယ်ငယ်ကရော အခုရော မင်းကိုထိခိုက်အောင်ပဲလုပ်မိနေတယ် ငါကမကောင်းဘူးမလား..."

"အဲ့လိုမဟုတ်ဘူး ငယ်ငယ်က ငါ့ဘက်ကလဲ မှန်တာမှမဟုတ်တာပဲ...အခုကလဲမတော်တဆပဲလေ..."

"ဒါနဲ့ငါက ကားစထွက်ထဲက မင်းပခုံးပေါ်အိပ်လာတာလား..."

"အင်းဟုတ်တယ်လေ ဘာဖြစ်လို့လဲ..."

"အာ...ဘာမှမဟုတ်ပါဘူး..."

သူတို့စကားပြောနေရင်း ကားပေါ်သို့ ကျောင်းသားကျောင်းသူတွေ ပြန်တက်လာသောကြောင့် စကားပြောတာပျက်သွားရကာ...။

ထယ်ယောင်း သန့်စင်ခန်းသွားသောကြောင့် ဂျောင်ဂုထိုင်နေတုန်း ထယ်ယောင်းပြောထားတဲ့ မင်ယော့အကြောင်းသတိရကာ မင်ယော့တို့ကားကလဲ အနောက်မှာရပ်ထားသောကြောင့် ထယ်ယောင်းအားဖွင့်ပြောတော့မှာလား ဟူသည်စိတ်ကြောင့် လိုက်သွားရန် ကားပေါ်ကဆင်းတုန်းရှိသေး ဟာမီးကတက်လာသောကြောင့် ဟာမီးကိုဝင်တိုက်မိကာ ဟာမီးကနောက်ပြန်ပြုတ်ကျမလိုဖြစ်သွားသောကြောင့် ဂျောင်ဂုသူမလက်အားအရှိန်ပြင်ပြင်းနဲ့ မပြုတ်ကျရန်ဆွဲလိုက်တော့ ဟာမီးကအရှိန်လွန်ကာ ဂျောင်ဂုအားဖက်လျက်သားဖြစ်သွားသောကြောင့် ကားထဲကကျောင်းသူကျောင်းသားအပါအဝင်အပြင်က ေကျာင်းသူကျောင်းသားတွေက ဝိုးဝါးအော်ကျကာ သူတို့နှစ်ယောက်အား တစ်ယောက်စတော့ ဂျောင်ဂုချက်ချင်းပင် ဟာမီးကို ဖယ်ခွာလိုက်ကာ အောက်ဆင်းဖို့လုပ်လိုက်တော့ အရှေ့နားတွင် ထယ်ယောင်းက ဂျောင်ဂုတို့ကိုလှမ်းကြည့်နေသောကြောင့် ဂျောင်ဂုလန့်သွားရသည်။

♡Falling in love ♡(Completed )Kde žijí příběhy. Začni objevovat