🍥4🍥

647 80 37
                                    

Unicode

သချာဆရာရဲ့အပြစ်ပေးမှုကြောင့် သုံးယောက်သား ဒူးတွေနာကာ မနည်းထရသည်။

ဒီလိုနဲ့ကျောင်းဆင်းတော့ ပြသာနာဖြစ်ထားတဲ့ ကောင်တွေနဲ့ ထပ်တွေ့တာကြောင့် ခြေထောက်လဲနာနေတာကြောင့် ထယ်ယောင်းမပြေးတော့ပဲ ထိုကောင်တွေကို မမြင်ချင်ယောင်ဆောင်ကာ ဂျီမင်းနဲ့စကားပြောရင်းလာနေသည်။

ဘေးတွင်ဂျောင်ဂုလဲပါသည်။

လမ်းလျှောက်နေရင်း အနောက်ကနေ ထယ်ယောင်းခေါင်းကို ခဲနဲ့ပေါက်လိုက်သောကြောင့်...။

"အာ့...ချီးလိုပဲ ဒီကောင်တွေတော့..."

ထယ်ယောင်းလဲ စိတ်ဆိုးကာ ထဆဲပြီး အနောက်လှည့်ကြည့်လိုက်တော့ ထိုကောင်တွေအုပ်စုက တဖြေးဖြေး ထယ်ယောင်းတို့နားလာနေပြီဖြစ်သည်။

မနက်လို ထွက်မပြေးတော့ပဲ ထယ်ယောင်းရပ်နေသည်။

တစ်ဖက်က ကောင်ကထယ်ယောင်း ကော်လန်စကိုကိုင်ကာ ထယ်ယောင်းမျက်နှာအား ထိုးလိုက်သဖြင့် ဂျီမင်းကသူ့သူငယ်ချင်း ကိုထိသဖြင့် ပြန်ထိုးဖို့လုပ်လိုက်ပေမဲ့ ဂျီမင်းကိုပါ ချုပ်ထားသောကြောင့် ဂျီမင်းမှာလှုပ်လို့ပင်မရပါ...။

ဂျောင်ဂုအား အခုမှမြင်ဖူးသောကြောင့် ထိုကောင်တွေက ဂျောင်ဂုဘာမှမလုပ်ပါ...။

ဂျောင်ဂုထယ်ယောင်းကို မကူညီချင်ပေမဲ့...စောင့်ရှောက်ခိုင်းတာ ဂျောင်ဂုအမေဖြစ်သော်လည်း သူကပင် ကင်မ်ထယ်ယောင်းအား စောင့်ရှောက်ရမည့်ပုံ...။

ဂျောင်ဂုထိုကောင်ရှေ့သွားရုံရှိသေး ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရောက်လာပြီး ထယ်ယောင်းကော်လန်စကိုင်ထားတဲ့ ကောင်ရဲ့ခြေထောက်ထားဖြတ်ကန်လိုက်သည်။

"တော်လိုက်တော့ အကုိင်ယော့ ထပ်ပြသာနာရှာရင် ငါ့အကြောင်းသိစေရမယ်..."

ထိုကောင်လေးပြောလိုက်တော့ အင်ယော့ဆိုတဲ့လူမိုက်ကောင်က ထယ်ယောင်းအား လွှတ်ပေးလိုက်သည်။

"ထယ်ယောင်း...ပါးတစ်ဖက်ရောင်သွားပြီ ကိုယ်ဆေးဝယ်လာတယ်...အင်ယော့အစား ကိုယ်ကပဲတောင်းပန်ပါတယ်..."

♡Falling in love ♡(Completed )Where stories live. Discover now