🍥8🍥

531 76 44
                                    

Unicode

ကျောင်းက သချာဆရာအချိန်တွင် စာမရသဖြင့် ဂျီမင်းနဲ့ထယ်ယောင်း နှစ်ယောက်သား ဘောလုံးကွင်းထဲပတ်ပြေးရလေသည်။

ခြေထောက်ညောင်းလို့ ခနတဖြုတ်ထိုင်နေချိန်...။

ထယ်ယောင်း မျက်နှာရှေ့ရောက်လာတဲ့ ရေဗူးကြောင့် ထယ်ယောင်းထိုရေဘူးကို ပေးတဲ့သူကိုမော့ကြည့်လိုက်တော့ ေကျာင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ နောက်ဆုံးနှစ်ကျောင်းသား မင်ယော့ဖြစ်နေသည်။

"ေသာက်လိုက် ထယ်ယောင်း မောနေမှာပဲ..."

ထယ်ယောင်းလဲ မင်ယော့ပေးတဲ့ ရေဗူးကိုယူကာ သောက်လိုက်ပြီး ဂျီမင်းကိုပါတိုက်လိုက်သည်။

ဂျောင်ဂုတစ်ယောက် ဆရာထွက်သွားပြီး ထယ်ယောင်းတို့အားပေးရမ်ရေဗူးနှစ်ဘူးဝယ်လာကာ ထယ်ယောင်းတို့နားရောက်ခံနီးမှ မင်ယော့ကိုရောက်လာကာ ထယ်ယောင်းက ရေးဗူးပေးလိုက်သောကြောင့် ထယ်ယောင်းကို ရေဗူးပေးဖို့လာတဲ့ ဂျောင်ဂုခြေလှမ်းများ ခပ်လှမ်းလှမ်းတွင်သာရပ်သွားသည်။

ဂျောင်ဂုသည် ရေဗူးနှစ်ဘူးကိုင်ထားရင်းမှ အတန်းထဲပြန်သွားကာ တစ်ဗူးကိုသူသောက်လ်ုက်ပြီး နောက်တစ်ဗူးအားနှစ်ဝက်ရောက်မှပြောင်းလာတဲ့ ဂျောင်ဂုသူငယ်ချင်း ယွန်းဂီအားတိုက်လိုက်သည်။

ယွန်းဂီက ထယ်ယောင်းတို့ အပြစ်ပေးခံရတဲအချိန်မှပြောင်းလာတဲ့ ကျောင်းသားအသစ်ဖြစ်သော်လည်း ေဂျာင်ဂုနဲ့ကအရင်ကျောင်းမှာထဲကသိကာ သူငယ်ချင်းဖြစ်နေချင်းဖြစ်သည်။

"နေပါအုံး အဲ့နှစ်ယောက်ထဲက ဘယ်သူ့ကိုကြိုက်နေတာလဲ ငါနဲ့တစ်အိမ်ထဲနေတော့တစ်ယောက်ကိုတော့မင်းကြိုက်ရင်တောင်မရဘူးနော်..."

ယွန်းဂီလက်ညိုးထိုးတဲ့နေရာက ထယ်ယောင်းဖြစ်နေသောကြောင့် ဂျောင်ဂုလန့်သွားရသည်။

"ဘာတွေပြောနေတာလဲ မင်းကထယ်ယောင်းအိမ်မှာနေဖို့လား..."

" မဟုတ်ပါဘူး သူ့ဘေးက ဂျီမင်းဆိုတဲ့ကောင်လေးအိမ်မှာနေရမှာ မေမေ့သူငယ်ချင်းမို့ သူတို့အိမ်က ကျယ်ပြီးအိမ်နှစ်လုံးဆက်ထားတာမို့ ငါတို့ကိုသူတို့အိမ်မှာလာနေခိုင်းတာ..."

♡Falling in love ♡(Completed )Dove le storie prendono vita. Scoprilo ora