🍥7🍥

509 77 36
                                    

Unicode

ဂျောင်ဂုတစ်ယောက် သူလွန်သွားမှန်းသိတာကြောင့် ညနေ၆နာရီလောက်တွင် လမ်းထိပ်ကစတိုးဆိုင်တွင် စတော်ဘယ်ရီရေခဲမုန့်နဲ့ ထယ်ယောင်းကြိုက်လောက်မည့်မုန့်တွေဝယ်ကာ...ထယ်ယောင်း ပြန်တောင်းပန်ဖို့စဉ်းစားမိသောကြောင့် ဖြစ်သည်။

ချော့တာရယ်မဟုတ်ပေမဲ့ ကိုယ်ကြောင့်အနန်းထဲတွင်အရှက်ကွဲသလိုဖြစ်သွားသောကြောင့် ပြန်တောင်းပန်ချင်သာဖြစ်သည်။

မုန့်တွေဝယ်ပြီး ထယ်ယောင်းတို့ အိမ်တစ်ခါးကိုခေါက်လိုက်တော့ ထယ်ယောင်းအမေက ဖွင့်ပေးပြီး ဂျောင်ဂုအားအိမ်ထဲဝင်ခိုင်းသည်။

ထယ်ယောင်းတို့ အိမ်ထဲရောက်တော့ ထယ်ယောင်းကဆိုဖာပေါ် ဒူးတုတ်ထိုင်ကာ ငိုနေသည်။

မဟုတ်မှမနက်က ကိစ္စကြောင့် ခုထိဝမ်းနည်းနေတာလား?

"အာ...ထယ်ယောင်းကို အန်တီဆူထားလို့ ငိုနေတာပါ..."

ထယ်ယောင်းအား ကြည့်နေသော ဂျောင်ဂုအား ဂျောင်ဂုအမေကရှင်းပြလိုက်တော့မှ ဂျောင်ဂုကခေါင်းညိမ့်ပြကာ...။

"ထယ်ယောင်းကို ဘာလို့ဆူတာလဲ အန်တီ..."

"အထက်တန်းရောက်နေတာကို ပေါ့ပျက်ပျက်နဲ့ စာမလုပ်ပဲ ဂိ​မ်းပဲဆော့နေလို့ အန်တီဆူတာကို အန်တီကိုစိတ်ကောက်ပြီးငိုနေတာလေ...စာမလုပ်တော့ဆူတာကို..."

"စိတ်မပူပါနဲ့ ကျွန်တော်သင်ပေးလိုက်ပါ့မယ် ညနေတိုင်းလာပြီး သင်ပေးပါ့မယ်..."

"ကျေးဇူးပါကွယ် သားရယ် ..."

" ကျေးဇူးတင်စရာမလိုပါဘူး အန်တီ ကျွန်တော်က ထယ်ယောင်းကိုစာရစေချင်လို့ပါ..."

အန်တီနဲ့စကားပြောနေရင်း ထယ်ယောင်းအတွက်ဝယ်လာတဲ့ ရေခဲမုန့်ပျော်တော့မှာကြောင့် ထယ်ယောင်းနားသွားကာ...။

"ထယ်ယောင်း..."

ဂျောင်ဂုခေါ်လိုက်တော့ ထယ်ယောင်းက မျက်ဂါ်များပေပွနေသော မျက်နှာဖြင့်မော့ကြည့်လေသည်။

"ငါအင်းအတွက် ရေခဲမုန့်ဝယ်လာတယ် မငိုနဲ့တော့ရေခဲမုန့်မပျော်ခင်စားလိုက်..."

♡Falling in love ♡(Completed )Where stories live. Discover now