🍥2🍥

694 77 38
                                    

Unicode

ထယ်ယောင်း စာသင်နေတဲ့တစ်လျှောက်ဘေးဘက်ကိုမကြည့်မိအောင်နေနေသည်။

ထယ်ယောင်းက အလည်မှာဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ဂျောင်ဂုနဲ့ဂျီမင်းက ထိုင်သည်။

ပျင်းဖို့ကောင်းတဲ့ စာသင်ချိန်ကြီးပြီးသွားတော့ မုန့်စားဆင်းချိန်ရောက်သဖြင့် ဆရာမထွက်သွားတာနဲ့ ထယ်ယောင်းစားချင်တဲ့ ပီဇာကအကုန်မြန်တာကြောင့် အမြန်ထလိုက်တာ ဘေးကစာရေးနေတဲ့ ဂျောင်ဂုလက်အားဝင်တိုက်မိသွားကာ ဘောပင်နဲ့စာအုပ်အား ခြစ်မိသလိုဖြစ်သွား၍ ဂျောင်ဂုရေးထားတဲ့စာမျက်နှာက အလကားဖြစ်သွားရသည်။

အေးဆေးစာရေးနေတဲ့ ဂျောင်ဂုတစ်ယောက် ထယ်ယောင်းက တမင်လုပ်တယ်ဟုထင်သွားရကာ ...။

" မင်းအခုထိ ကလေးကလား လုပ်ရပ်တွေလုပ်နေတုန်းလား..."

ထိုသို့ပြောပီး ထယ်ယောင်း ေကျာင်းအကျီကောလံစအား ဆွဲကာပြောလေသည်။

အေးဆေးနေတဲ့ ဂျောင်ဂုတစ်ယောက် ဒေါသထွက်သွားသော အခြားလူတစ်ယောက်အသွင်ပြောင်းကာ ထယ်ယောင်းပင်လန့်သွားရသည်။

" ကျောင်းသားအသစ် စိတ်လျော့ပါကွာ...ငါ့သူငယ်ချင်းက တမင်လုပ်တာမဟုတ်ဘူးလေ..."

ဂျီမင်းက ကြားထဲကဝင်ဖြေပေးပြီး အခန်းထဲက ကျောင်းသားတွေက အခန်းပြင်ထွက်နေပြီကို ရန်ဖြစ်သံကြားတာနဲ့မုန့်ဝယ်ရမှာပါမေ့ကာ တန်းစီပြီး အခန်းပေါက်သို့ရောက်လာကျလေသည်။

"ရားးး ဂျွန်ဂျောင်ဂု မရိုင်းနဲ့ငါကတမင်လုပ်တာမှမဟုတ်တာ..."

"အော်...မင်းကအရင်ထဲက အကျင့်မှမကောင်းတာ...တမင်လုပ်တယ်ပဲထင်တာငါမှားလား..."

တစ်မနက်တိတ်ဆိတ်နေတဲ့ ဂေျာင်ဂုစီမှ စကားအရှည်ကြီး ထွက်လာသည်။

"မင်းနဲ့ရန်ဖြစ်ဖို့မအားသေးဘူး ပီဇာမင်းကြောင့်ကုန်ရင် သေမယ်..."

ထယ်ယောင်းသည် ဂျောင်ဂုအား လက်ညှိုးငေါက်ငေါက်ထိုးကာ ဂျီမင်းလက်ကိုဆွဲကာ ကန်တင်းသို့ထွက်လာလိုက်သည်။

ထယ်ယောင်းအခန်းထဲက ထွက်သွားမှ ကျောင်းသားအသီးသီး ကိုယ်လုပ်စရာရှိတာလုက်ကြသည်။

♡Falling in love ♡(Completed )Where stories live. Discover now