Chapter 18

110 23 35
                                    

Unicode

နောက်ဆုံးတော့ဝီလီယမ်ကိုတွေ့ခဲ့ပြီ

"မြို့တော်ဝန်ဝိန်း ကျွန်တော်တို့မစ္စတာအာသာရဲ့တည်နေရာကိုအခုထိဆက်လက်စုံစမ်းနေဆဲပါ။
အခုကတော့နောက်ဆုံးသတင်းရထားတာ ဒီညလန်ဒန်မြို့အလယ်ကဆပ်ကပ်ရုံကိုသွားမယ်လို့သိရပါတယ်"

"ကောင်းပြီ သတင်းထပ်ထူးရင်ကိုယ့်ကိုပြောပါ"

"ဒီမှာလက်မှတ်တွေပါခင်ဗျာ
ဆပ်ကပ်ရုံကပြည့်ကျပ်နေတော့ကျွန်တော်တို့ရက်အစောပိုင်းကကြိုဝယ်ထားတာပါ"

ထိုလူကလက်မှတ်၂စောင်ကိုကမ်းပေးလာသည်။
ဝိန်းလည်းယူကာကြည့်လိုက်တော့ မစ္စတာဂရင်းဒဲလ်စီစဉ်သည့်ပွဲဖြစ်နေသည်။
မစ္စတာဂရင်းဒဲလ်ဆိုသည်မှာလန်ဒန်မြို့ဝန်ကြီးပိုင်းများထဲမှတစ်ယောက်ဖြစ်သည်။
သူသည်အမှန်တကယ်ပင်ပျော်ပါးတတ်သူတစ်ဦးဖြစ်လေသည့်အတွက်ဆပ်ကပ်ပွဲများ အလှပွဲများကိုလန်ဒန်မြို့၌စီစဉ်လေ့ရှိသည်။

"မြို့တော်ဝန်ဝိန်း ကျွန်တော်ပြောစရာရှိပါတယ်"

"အင်း ပြော"

"မစ္စတာအာသာရဲ့အမှုအတွက်ကျွန်တော်စုံစမ်းခဲ့ပါသေးတယ် ဒါပေမယ့် ငြင်းစရာသက်သေအထောက်အထားကရေရေရာရာမရှိတဲ့အပြင် မစ္စတာချားလ်စ်ကလည်ပင်းကိုဖောင်တိန်တစ်ချောင်းအထိုးခံရပြီးသေဆုံးသွားခဲ့တာပါ
အဲ့ဒီဖောင်တိန်မှာလည်း အာသာ ဆိုတဲ့နာမည်ရေးထားပါသေးတယ်"

"ကျွန်တော့်အထင် မစ္စတာအာသာကလုပ်ခဲ့မယ်ဆိုရင်တောင်အဲ့ဒီလောက်နမော်နမဲ့မနိုင်ဘူးလို့ထင်တာပါပဲ
ဒါကြောင့်ဒီကိစ္စကကြိုတင်အကွက်ချခံထားရတာပါလို့ယူဆမိပါတယ်"

"အင်း ဖြစ်နိုင်မယ့်လူကိုလည်းကိုယ်သိသလောက်ရှိနေပါပြီ"

"နောက်ပြီး မြို့တော်ဝန်ဝိန်း မစ္စတာအာသာကိုတွေ့တဲ့အခါ ခိုးကြောင်ခိုးဝှက်ခေါ်မှပဲရပါလိမ့်မယ်
တစ်ချက်မှားတာနဲ့အစိုးရဘက်ဆိုင်ရာတွေကထကြွလာမှာစိုးလို့ပါ ကျွန်တော်တို့ည၈နာရီကနေစပြီးဆပ်ကပ်ရုံအဝန်းမှာရှိနေပါ့မယ်"

"ကောင်းပြီ"

လန်ဒန်မြို့ကြီး၏ချောင်ကြိုချောင်ကြားတစ်နေရာတွင်ချိန်းဆိုပြောဆိုမှုအပြီးတွင် ဝိန်းသည်နှေးကွေးလှသောခြေလှမ်းများဖြင့်ရထားလုံးပေါ်သို့ပြန်တက်သွားလေတော့သည်။

Two Men In One Look (Completed)Where stories live. Discover now