2

554 63 5
                                    

"ဘာခေါ်ဆွေးနွေးတာလဲ Wonwoo"

    နားနေဆောင်ကနေ ထွက်လာတဲ့ Wonwooကို အရှေ့မှာ စောင့်နေတဲ့ Seungcheolကမေးလိုက်တယ်။ မျက်နှာသိပ်မရွှင်မပြနဲ့ Wonwooက စကားကို မဖြေသေးပဲ သက်ပြင်း အရင်ချလေတယ်။

"ငါနဲ့ မင်းသားငယ်နဲ့ကို လက်ဆက်ပေးမလို့တဲ့ကွ"

"ဘာ မဖြစ်နိုင်တာ ဘာလို့တဲ့လဲ"

"omegaလေးမလို့ စိတ်ချရတဲ့သူနဲ့ နေစေချင်လို့တဲ့"

      လက်မထပ်ချင်သေးတဲ့ Wonwooခမျာ ဘာမှကို ဆက်မပြောနိုင်ပဲ လေးလံတဲ့ ခြေလှမ်းတွေနဲ့ နန်းတော်ကနေ ထွက်လာခဲ့တယ်။ Seungcheolကလည်း ထိုကိစ္စကြားပြီးတည်းက မျက်နှာသိပ်မကောင်းပေ။ ဘေးက Hanseolကတော့ ၂ယောက်သားကို ကြည့်ပြီး ဘာမှမပြောနိုင်ပဲ ခေါင်းသာခါနေတော့တယ်။

   

တစ်ဖက်တွင်....

"ခမည်းတော် မဖြစ်ဘူးနော် အဲ့ကောင်နဲ့ အကိုတော်နဲ့ ကျွန်တော် သဘောမတူဘူး"

"ဟ သူ့အဖေနဲ့ ငါနဲ့က စီစဥ်ပြီးနေပြီ ပြင်လို့မရတော့ဘူး ဒါမျိုးကိစ္စက လွယ်လွယ်လေး လုပ်လို့ရတာမဟုတ်ဘူး ဆုံးဖြတ်ပြီးနေပြီ"

"ဆုံးဖြတ်လည်း တစ်ခြားသူနဲ့သာ လက်ဆက်ပေးလိုက် အဲ့လူနဲ့တော့ မရဘူး ကျွန်တော် အိမ်ရှေ့စံရဲ့ ရပိုင်ခွင့် အာဏာနဲ့ ကန့်ကွက်တယ်"

       အတည်ပေါက်တွေပြောနေကာ ခုံကနေ ဆတ်ခနဲထလိုက်တဲ့ Mingyuကို Jeonghanက လက်ကနေ ပြန်ဆွဲထားရတယ်။

"Mingyu မလုပ်နဲ့ ဦးရီးတော်က ကောင်းတယ်ထင်လို့ စီစဥ်ပေးတာ လက်ခံရမှာပေါ့''

"ဘာ အကိုတော်ကပါ ခမည်းတော်ဘက် ပါနေတာလား"

"အဲ့လို မဟုတ်ဘူးလေ Mingyuရယ်"

"သား Jeonghan သူ့ကို လွှတ်ထားလိုက် Kim Mingyu ငါက မင်းအဖေနော် ဒီနိုင်ငံရဲ့ ဘုရင်လည်းဟုတ်တယ် မင်း ငါ့အမိန့်ဖီဆန်ရင် ဘာဖြစ်မလဲ စောင့်ကြည့်လိုက်"

      

      အဖေဖြစ်သူ မင်းကြီးKimဟာ စကားအကုန် ပြောပြီးနောက် နားနေဆောင်ကနေ ထွက်သွားလေတယ်။ Mingyuကတော့ ထိုMafiaဆိုသည့် Wonwooကို မြင်ကတည်းက သိပ်ကြည်တာမဟုတ်။ ခုဆို သူ့အကိုတော်နဲ့ လက်ဆက်ရမည် ဆိုသော ကိစ္စက သူ့အတွက် ပိုဆိုးလေတယ်။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞Where stories live. Discover now