6

532 74 19
                                    

   

         Wonwooအားတင်းလိုက်ကာ ရေကူးကန်နားဆီ ကူးသွားလိုက်ပြီး ခုန်ချကာ Mingyuရှိရာဆီ ကူးသွားလိုက်ပြီး လက်သီးနဲ့ ထိုးရန်ပြင်တော့ Mingyuက လွယ်လွယ်ကူကူ ရှောင်လိုက်တယ်။

"ဟ...ဟ ဒါလား Mafiaတွေရဲ့ Bossတဲ့ ဒီလောက် အားလေးနဲ့ မယှဥ်ချင်စမ်းပါနဲ့"

"မင်းး....ခု ရပ်လိုက်သင့်ပြီ"

"အိုခေပါ....သနားလို့နော် ဟက်"

     ဝေဒနာ ခံစားရပုံ ပေါ်နေတဲ့ Wonwooကို ကြည့်ပြီး Mingyuဘက်ကပဲ အလျှော့ပေးလိုက်တယ်။ Mingyuလည်း Wonwooကို လျစ်လျူရှုကာ တစ်ဖက်ခြမ်းဆီကူးသွားနေတုန်း ရေကန်​အောက်ခြေကနေ Mingyuခြေထောက်တွေကို လှမ်းဆွဲချလာတဲ့ Wonwooကြောင့် Mingyu ကိုယ်ကို အရှိန်မထိန်းလိုက်နိုင်ပဲ အောက်ခြေကို ငုံ့ကျသွားရတယ်။

       ရေမငုပ်တတ်တဲ့ Mingyuက ရေအောက်ထဲ အတော်လေး ရုန်းကန်နေရတော့မှ Wonwooက လွှတ်ပေးပြီး ရေပေါ်ပြန်တက်လာတယ်။

    Mingyuလည်း ရေကူးကန်ဘောင်ပေါ် တက်ထိုင်ရင်း အမောဖြေနေတုန်း Wonwooက ရေကန်ထဲကနေ မတက်သေးပဲ Mingyuကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်လေတယ်။

"ဟားးးးဟားးးး Enigmaကြီးကလည်း ရေတောင်မငုပ်တတ်တော့ မမိုက်ပါဘူးကွာ"

"ဟေ့ကောင် မင်း ယုတ်မာလှချည်လား မင်းအကျင့်က အဲ့လို မမြင်ကွယ်ရာကနေ ယုတ်မာတတ်တဲ့ အကျင့်လား"

"အေးကွာ...မင်းပြောသလို အားနည်းတော့ ယုတ်မာတတ်ရတာပေါ့လေ သူများတွေလို အားနည်းတဲ့သူကို အနိုင်မကျင့်တတ်ဘူးကွ"

       Wonwooက ပြောလို့အပြီး ရေကန်ပေါ်တက်ကာ ပြန်မည်အပြု Mingyuဘက်လှည့်ကာ လျှာထုတ်ပြီး လက်ခလယ် ပြန်ထောင်ပြသွားလေတယ်။ ကျန်နေခဲ့တဲ့ အိမ်ရှေ့စံ Mingyuကတော့ ဒေါသထွက်လျက် ရေကန်ထဲက ရေကိုသာ လက်နဲ့ထိုးချလိုက်လေတော့တယ်။
      

နောက်တစ်နေ့....

      ဒီနေ့တော့ ငလျင်ဒဏ်ကျခဲ့တဲ့ ရွာဘက်ကို ဆင်းရမှာမလို့ အိမ်တော်ထဲကနေ ကားတွေ အလျိုလျို ထွက်ခွာလာကြတယ်။ Mingyuနဲ့ Wonwooတို့က ကားတစ်စီးထဲမှာ အတူတူ လိုက်ပါလာကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အမြင်မကြည်သည့်ပုံစံတွေနဲ့သာ။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞Where stories live. Discover now