25

608 81 41
                                    

   

        မြို့တော်၀န်ဟာ သူ့လူတွေကို နန်းတော်ရဲ့ နောက်ပေါက်ကနေ တစ်ဖက်လှည့်နဲ့ ၀င်စေကာ သူကတော့ ကားနဲ့ အရှေ့ဘက်မုခ်၀ကနေ ၀င်လာလေတယ်။ အိမ်ရှေ့စံရဲ့ မွေးနေ့ပွဲဖြစ်ပေမယ့် ထူးဆန်းစွာပင် တက်ရောက်သည့် လူစာရင်းက နည်းပါးလို့နေတယ်။ ၀င်လာတဲ့ကားလည်း သိပ်မရှိသလို ရောက်လာသည့် လူလည်း သိပ်မရှိနေပါ။

     အိမ်ရှေ့စံဘက်ကလည်း အနည်းငယ် ရိပ်မိနေဟန် သတိထားမိလိုက်တာကြောင့် မြို့တော်၀န်ဟာ သူ့ကိုယ်ရံတော်ကို အမိန့်ပေးလိုက်တယ်။

"အိမ်ရှေ့စံဘက်ကလည်း အသင့်ပြင်ထားတာ ဖြစ်မယ်...သတိနဲ့ ခန်းမကို ၀င်စီးဖို့ ပြောထားလိုက်"

"ဟုတ်ကဲ့....ဆရာ"

 

      မြို့တော်၀န်ဟာ ခန်းမရှိရာဆီ ၀င်လာခဲ့ပြီးနောက် ၀ိုင်းတစ်၀ိုင်းမှာ ၀င်ထိုင်နှင့်လိုက်တယ်။ အခြားမြို့တော်၀န်၊အမတ်နှင့် ၀န်ကြီးတစ်ချို့ပါ ရောက်ရှိလို့နေတယ်။ အမတ်နဲ့ ၀န်ကြီးတစ်ချို့က သူ့ဘက်တော်သားတွေ ဖြစ်ပြီး ယနေ့ ပုန်ကန်တိုက်ခိုက်မည့် ကိစ္စကို သိတာကြောင့် သူတို့ကလည်း အတတ်နိုင်ဆုံး အသင့်ပြင်ထားကြလေတယ်။

     ခနအကြာမှာ မင်းကြီးနှင့် မိဖုရား၂ပါး အပါအ၀င် အိမ်ရှေ့စံ၊မင်းသားငယ်နှင့်တကွ Mafiaခေါင်းဆောင်တို့ ခြံရံလျက် ခန်းမထဲ ကြွမြန်းလာလေတယ်။ မင်းကြီး၊ မိဖုရားနှင့် မင်းသားငယ်တို့ဟာ ခုံနေရာကိုယ်စီမှာ ၀င်ထိုင်လိုက်ကြပြီး ဘေးပတ်လည်တွင် ကိုယ်ရံတော်များစွာက ခြံရံလို့ ထားလေတယ်။

   အိမ်ရှေ့စံကတော့ မွေးနေ့ရှင်ဖြစ်တာကြောင့် မိန့်ခွန်းပြောရန် စင်ပေါ်တက်လာခဲ့တယ်။ Wonwooနဲ့ Seungcheolတို့က အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာပြီး အိမ်ရှေ့စံကို အပြည့်အ၀ ကာကွယ်မှုပေးထားလေတယ်။

 

      အိမ်ရှေ့စံဟာ အဖြူရောင်ပေါ် ရွှေချည်ကနုတ်အချို့ ထိုးထားတဲ့ suit၀မ်းဆက်ကို ၀တ်ဆင်လို့ထားပြီး မျက်နှာမှာ တည်ကြည်ခန့်ညားမှုတို့က အတိုင်းသား ထင်ဟပ်လို့နေလေတယ်။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞Where stories live. Discover now