3

566 63 11
                                    

   

           ထိုကိစ္စဖြစ်ပြီးကတည်းက အိမ်ရှေ့စံကို နန်းဆောင်မှ ၁လတိတိ မထွက်ခိုင်းတော့ပေ။ အစောင့်တွေလည်း ပိုတိုးလိုက်ကာ ဘယ်သူနဲ့မှလည်း မတွေ့ခိုင်းတော့ပေ။ အခုဆို အပြင်မထွက်ရတာ လ၀က်တိတိရှိလေပြီ။

        နန်းဆောင်ရဲ့ အတွင်းခန်းမှာရှိတဲ့ Gymမှာသာ နေ့စဥ်နီးပါး အချိန်ဖြုန်းလို့ နေလေတယ်။
အပြေးစက်ပေါ်မှာ ပြေးနေတဲ့ အိမ်ရှေ့စံMingyuဟာ ချွေးတွေထွက်နေတာတောင် ချောမောမှုက လျော့ကျသွားခြင်းမရှိ။ ညိုညက်ညက်အသားရည်ရှိတဲ့ အိမ်ရှေ့စံဟာ တောင့်ဖြောင့်တဲ့ ကိုယ်ခန္ဓာနဲ့ ပနံသင့်ကာ ကိုရီးယားဘုရင့်နိုင်ငံတော်ရဲ့ ကြည့်အကောင်းဆုံးယောကျာ်း No.1ချိတ်လေတယ်။

         ပြေးနေရင်း နားမှာတပ်ထားတဲ့ Airpodနဲ့ တစ်စုံတစ်ယောက်နဲ့ phပြောလို့နေသေးတယ်။ ဘယ်သူလဲဆိုလျှင် သူ့အကိုတော် မင်းသားငယ် Jeonghanပင်။ Jeonghanကလည်း Heatကာလမို့ ဆေးသောက်ထားရကာ အပြင်ထွက်ခွင့်မရပေ။ Omegaတွေအတွက်တော့ ဒါက ပုံမှန် ဖြစ်ရိုးဖြစ်စဥ်ပင်။

"ကျွန်တော်က အဆင်ပြေပါတယ် အကိုတော်သာ  အနားမှာ ဘယ်သူမှ မထားနဲ့ သတိနဲ့နေ ဆေးသေချာသောက် မမေ့နဲ့"

"အင်းပါ Mingyuရဲ့ ဦးရီးတော်ကို တအား စိတ်ဆိုးမနေနဲ့ ဒီကိစ္စက Mingyuအသက်ပါသွားနိုင်တယ်"

"အကိုတော်ရယ် ဒါကအလစ်တိုက်ခိုက်လို့ပါ
သူတို့ကျွန်တော့်ကို ပေါ်တင်မတိုက်ခိုက်ရဲကြပါဘူး"

"ဟုတ်ပါပြီ သတိတော့ထားတော့ မပေါ့နဲ့ ဒါနဲ့ အကိုတော် ပြောစရာရှိတယ်"

"အင်း ပြောလေ ဘာကိစ္စလဲ"

"ဒီလကုန်ကျ အကိုတော်ကို Jeon Wonwooနဲ့ စေ့စပ်ထိမ်းမြားပေးမလို့တဲ့"

"ဘာပြောတယ်!"

 
    ထိုစကားကို ကြားပြီး shockအကြီးကြီး ရသွားတဲ့ အိမ်ရှေ့စံ။ ခမည်းတော် မင်းကြီးက အိမ်ရှေ့စံက နှောင့်ယှက်မည်ကို သိနေ၍ တမင် အပြင်ထွက်ခွင့်ပိတ်ကာ ၁လအတွင်း ထိုကိစ္စကို အပြီးစီစဥ်မည် ဖြစ်လေတယ်။

"ဟူးးးး စိတ်ညစ်လိုက်တာ"

       ရုံးခန်းထဲ ဆုံလည်ထိုင်ခုံမှာ ကျောမှီကာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ Mafiaတွေရဲ့ Boss Jeon Wonwooပါလေ။ လူကြီးတွေရဲ့ စီစဥ်မှုကြောင့် လကုန်ကို စေ့စပ် ထိမ်းမြားရမည်တဲ့လေ။ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတုန်း အခန်းထဲ၀င်လာတဲ့ အတွင်းရေးမှူးဖြစ်သူ Boo Seungkwan။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞Where stories live. Discover now