29 🌿 (Z)

1.1K 10 0
                                    

Be My Bride 🍀📖 29

"ကိုကိုရေ"

"ကိုကိုအဆင်သင့်ပဲ"

"အွန်းအွန်း အာ့ဆိုသွားမယ်ကိုကိုလာ"

"ဒီမောင်နှမဘယ်သွားမလို့တုန်း"

"လမ်းထိပ် ဗန်ဒါသီးသွားထုစားမလို့မေမေ"

"သမီးရယ် နှင်းဥဆိုင်ကဝယ်စားလဲရတာပဲ"

"အဲ့တာကြီးကျ မီးမီးမကြိုက်ဘူး ကိုကိုထုပေးမယ်တဲ့မေမေရဲ့ ဟီး... သွားတော့မယ် ကိုကိုလာ ဖေဖေသွားပြီနော်"

သားခွန်းစစ်လက်ကိုဆွဲ၍ လွန်းငယ်နှင့်ဦးကိုနှုတ်ဆက်ကာ သမီးကထွက်သွားလေသည်။

ညနေစောင်းဖြစ်သည်ကြောင့် နေအရမ်းမပူတော့သလို ဗန်ဒါပင်အရိပ်များကြောင့် အပင်အောက်တွင် အေးအေးလေးဖြစ်နေသည်။ အိမ်မှယူလာသည့် အုတ်ခဲဖြင့် ဗန်ဒါသီးထုပေးသည့်အခါ ဘေးတွင်ထိုင်၍ အနိုင်စားသည့်ပူတင်းလေးကြောင့် အားကုန်သုံး၍ထုသည်။ ဗန်ဒါစေ့ထုတာလဲ လွယ်တယ်တော့မဟုတ် နဲနဲအားသုံးရသည်။

"ကိုကို"

"အွန်း"

"တိုင်ပင်စရာလေးရှိလို့"

"ပြောလေ"

"ခမ်းလေးကျောင်းမှာလေ နဲနဲခင်တဲ့တစ်ယောက်ရှိတယ်ကိုကို အဲ့တာ..."

"ပြောပါပူတင်းလေးရ ဘာဖြစ်လဲပြော"

"သူက အခုကျောင်းပိတ်တုန်းတွေ့ချင်လို့တဲ့ ချိန်းလို့"

"မိန်းခလေးလား ယောက်ျားလေးလား..."

"ဟို...ယောက်ျားလေး ကျောင်းကစီနီယာအကိုကြီးကိုကို"

"မရဘူး"

"ဟင်"

"မိန်းခလေးဆို နေ့တိုင်းသွားတွေ့လဲရတယ် ကိုကိုခွင့်ပြုတယ် ယောက်ျားလေးကတော့မရဘူး"

"ကိုကိုကလဲ အဲ့ကိုကြီးကအရမ်းစေတနာကောင်းတာ ခမ်းလေးကိုလဲကူညီပေးတယ် ကျောင်းရောက်စက အဲ့ကိုကြီးပဲအကုန်လိုက်ပြ ကူညီပေးတာကိုကိုရဲ့"

"အဲ့တာတော့ တစ်ခုခုပြန်လိုချင်လို့နေမှာပေါ့ ပူတင်းလေးကကျောင်းမှာ Queen လေ အနားကပ်ချင်နေတဲ့ကောင်တွေမှပေါလို့ သူလဲအဲ့ထဲကတစ်ကောင်နေမှာပေါ့"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Tempat cerita menjadi hidup. Temukan sekarang