38 🌿 (U)

7.5K 279 28
                                    

အပိုင်း - ၃၈
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ခြံသော့များပျက်နေသည့်ခြံတံခါးကြီးကိုမြင်သည့်အခါ ပူပန်စိတ်များဖြင့် ခြံထဲပြေးဝင်မိသည်။ သူရှာသည့်လူ၏ အရိပ်အယောင်တစ်စက်ကလေးတောင်မရှိသည်ကြောင့် အချိန်ကုန်အောင်ထိုခြံထဲဆက်မရှာတော့ဖို့ ဆုံးဖြတ်လိုက်ပြီးသည်နှင့် ကားထားထားသည့်အိမ်ကို အလျင်အမြန်ပြေးသည်။

"ငါ့ညီတစ်ယောက်ထဲသွားလို့မရဘူးဟေ့ကောင်"

"ပူတင်းလေးကိုပြန်ခေါ်သွားကြတာကိုဆန်းသစ် ကျွန်တော်အခုချက်ချင်းသွားခေါ်မှရမှာ "

ကားထဲအတင်းဝင်သည့်ညီလေးခွန်းစစ်ကို ဖြောင့်ဖျ၍မရမှန်းသိသည်ကြောင့် သူပါလိုက်ဝင်၍ အဖော်လိုက်ပေးဖို့ဆုံးဖြတ်လိုက်သည်။

ကားမောင်းရင်းမှ ဒယ်ဒီ့ဖုန်းဝင်လာသည်ကြောင့် ခွန်းစစ်ကိုင်လိုက်သည်။

"hello ဒယ်ဒီ"

"မေမေသား မေမေ"

"မေမေ ညီမလေးကိုပြန်ခေါ်သွားကြပြီမေမေ ကျွန်တော်မရရအောင်သွားပြန်ခေါ်မှာ" 

"သား သားတစ်ယောက်ထဲအဲ့အိမ်ထဲဝင်လို့မဖြစ်ဘူးသား မေမေတို့ကိုခဏစောင့် မေမေတို့ရောက်တော့မှာသား သားအလျင်မလိုနဲ့ "

သားဘက်က ဘာစကားမှမပြန်သည့်အခါ စိတ်ပူရသည်။

"မေမေပြောတာကြားလား မေမေတို့ကိုစောင့်လို့သား hello hello...."

"ဖုန်းကျသွားပြီကိုကြီး မြန်မြန်မောင်းပါကိုကြီးရယ် သားလေးတစ်ခုခုဖြစ်မှာငယ်စိုးရိမ်တယ်"

ခွန်းစေရာကားကိုအရှိန်တင်ကာ မောင်းလိုက်သည်။

"ငါ့ညီ မဖြစ်ဘူးငါ့ညီ မင်းနဲ့ကိုယ်နဲ့နှစ်ယောက်ထဲဝင်သွားရင် အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားလိမ့်မယ်ကွ"

မျက်လုံးများရဲ၍ ဘာဆိုဘာမှပြန်မပြောသည့်အခါ ဘုရားတ၍သာ ဆန်းသစ်လိုက်ပါခဲ့ရသည်။

"မေမေ..."

"သမီး ဘယ်လိုနေသေးလဲဟင်သမီး"

"ဘယ်ကိုသွားနေတာလဲမေမေ "

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now