39 🌿 (Z)

2.5K 26 0
                                    

အပိုင်း - ၃၉

"မမ သမီးလေး သမီးလေးနေမကောင်းဘူး အခုဆေးရုံမှာ"

"သမီးဘာဖြစ်လို့လဲ ဘယ်ဆေးရုံလဲလွန်းလေး မမအခုလာခဲ့မယ်"

"သမီးသွေးတွေအန်နေတာ အများကြီးပဲ အဟင့်...သမီးလေးသနားပါတယ်"

ဖြူငယ်ရင်တွေပူလာရသလို ဖုန်းကြီးကိုင်၍ အခန်းအပြင်ပြေးထွက်လာမိသည်။

"လွန်းငယ်ရင်တွေကွဲရတယ်မမရယ် ဘာလုပ်လို့လုပ်ရမှန်းလဲမသိဘူး မမလာခဲ့ပေးပါလား လွန်းငယ်ကြည့်ဆိုဘာမှလုပ်တတ်မယ်မထင်ဘူး ဟင့်..."

"မမအခုလာခဲ့မယ် ရွှေကူရောမမခေါ်ခဲ့မယ် ခဏလေးပဲလွန်းလေး မမတို့လာခဲ့မယ်"

ပြောသင့်သည့်စကားထင်၍ အားလုံးကိုခေါ်၍ ပြောလိုက်သည့်အခါ တစ်ဖွဲ့လုံးစိတ်မကောင်းစွာနှင့်ရှိနေကြသည်။ အဆိုးဆုံးကတော့ သားဖြစ်သလို သမီးဆီသွားမည်ကြည့်လုပ်နေ၍ သူ့ဖအေကထိန်းထားရသည်။

"ဘယ်လိုဖြစ်တာလဲလွန်းလေးရယ် သမီးလေးကအကောင်းကြီးကနေဘယ်လိုဖြစ်သွားတာလဲ"

"ဟင့်မမ"

"လွန်းရယ် သမီးလေးကဖျော့တော့လို့ပါလား ဘယ်လိုဖြစ်ရတာလဲ"

"သမီးသွေးတွေအန်နေတယ်ရွှေကူ သမီးလေးကိုလွန်းမကြည့်ရက်တော့ဘူး အဟင့် ...သမီးလေးကိုကယ်ပါအုံး"

ဦးကလဲ သမီးကိစ္စဆရာဝန်များနှင့် တွေ့နေသည်ကြောင့် လွန်းငယ်ဘေးသိပ်မရှိပေးနိုင်ပေ။ သမီးဘေးတစ်ချိန်လုံးရှိနေသည့် လွန်ငယ်မှာလဲ ခဏတိုင်းသွေးအန်သည့်သမီးကြောင့် ရင်ကွဲပက်လက်ဖြစ်နေရသည်။ မမတို့အနားရောက်လာမှ စိတ်ရှိတိုင်းငိုချမိသည့်အခါ မိုးဦးမိုးဖျားကဲ့သို့ သည်းကြီးမဲကြီးရှိနေရသည်။

"ဘာလို့ရှာမတွေ့တာလဲကွ သမီးသွေးတွေဒီလောက်အန်ထားတာ ရောဂါရှိလို့ဆိုတာအသိသာကြီး ဒါက်ိုဘာရောဂါမှရှာမတွေ့တာတော့မဟုတ်သေးဘူး ခေါင်လွင် မင်းဆရာဝန်ရောဟုတ်ရဲ့လား"

"ငါပါရဂူဘွဲ့ရထားတဲ့ဆရာဝန်စစ်စစ်ငခမ်း ငါကိုယ်တိုင်စစ်ထားတာ သမီးဆီမှာအတွင်းရောဂါတစ်ခုမှရှိမနေဘူး"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now