31 🌿 (U)

4.2K 200 10
                                    

အပိုင်း - ၃၁
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

"ကိုကို ဘယ်လဲ"

"ကိုကိုဝယ်စရာရှိလို့"

ခွန်းစစ် ဆိုင်တစ်ဆိုင်မှ ဆင်းကဒ်နှစ်ကဒ်ဆင်းဝယ်၍ သူ့ဖုန်းဆီပြောင်းထည့်ကာ ဘေနှင့် ဒေတာများကုန်စေရန် ဇာတ်ကားများဒေါင်းထားလိုက်သည်။ ထို့နောက် ချိန်းထားသည့်လူများကိုဖုန်းတစ်ချက်ဆက်ကာ ကားဆီပြန်လာသည်။ အကုန်အဆင်သင့်ဖြစ်ပြီဆိုတော့ ကိုကိုတို့စကြတာပေါ့။

"ပူတင်းလေးခဏဆင်း"

"ဟွန်..."

"ကိုကို့ကားပျက်ချင်နေပြီ လာပါ ကိုကိုတစ်ခြားကားခေါ်ထားတယ် သွားရအောင်လို့"

"ဟုတ်"

"ပစ္စည်းတွေကျန်နေမယ် အကုန်ယူခဲ့နော်"

"ဟုတ်"

ကိုကိုမှာသည့်အတိုင်း ပိုက်ဆံအိတ်အပြင် ဆေးတွေပါ လက်မှဆွဲယူ၍ ကားထဲမှထွက်ခဲ့သည်။

"ကိုကို ကားရော"

"ဟိုရှေ့မှာပူတင်းလေး ဟိုမှာ"

ဈေးဆိုင်၏အနောက်ဘက်တွင်ရပ်ထားသည့် ကားအဖြူကိုထိုးပြသည့်အခါ ထိုကားအနားသို့ကိုကိုနှင့်အတူသွားသည်။

"ကိုကို"

"အွန်းတတ်လေ "

"ကားကိုမမြင်ဖူးလို့ ကိုကို့ကားလား"

"ဟုတ်တယ်လေပူတင်းလေးရဲ့ ကိုကို့ကားအခြေနေမကောင်းလို့ ဒီကားကိုမောင်းခဲ့ခိုင်းလိုက်တာ လာပါ ကိုကိုဝင်စရာရှိသေးတယ် နောက်ကျလိမ့်မယ်ကွ"

"ဟုတ်"

ကိုကိုကဘယ်ကိုခေါ်သွားမှန်းလဲမသိ ခမ်းလေးမသိသည့်နေရာသို့မောင်းလေသည်။ ၁ နာရီလောက်ကြီးမောင်းပြီးမှ မြေနီလမ်းသို့ ထပ်မောင်းသည့်ကိုကိုကြောင့် တစ်ခုခုကိုစိုးရိမ်လာရသည်။

"ကိုကိုလမ်း...လမ်းပျောက်...ပျောက်နေတာလားဟင်"

"ဘာကိုလဲပူတင်းလေး"

"ကိုကိုလမ်းမေ့သွားလို့လျှောက်မောင်းနေတာမလား ဒီလမ်းတွေခမ်းလေးလဲမသိဘူးနော် ကိုကိုဘယ်လိုလုပ်ကြမလဲ မဟုတ်ရင်ပြန်လှည့်ကြမလား"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now