30 🌿 (U)

3.8K 175 21
                                    

အပိုင်း - ၃၀
ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင် 🍀📖

ခွန်းစစ်တစ်ညလုံး ဘာလုပ်သင့်လဲစဉ်းစားသည်။ ပူတင်းလေးကိုတစ်ခြားသူလက်ထဲ ထည့်ပေးလို့ဘယ်နည်းနှင့်မှမဖြစ်သည်ကို သူသေချာသိသည်။ ထည့်မပေးလေအောင်လဲ သူ့ဘက်ကကြိုးစားမည်။ သို့ပေမယ့် အချိန်အတော်ကြာစဉ်းစားပြီးသည်နှင့် ဆုံးဖြတ်ချက်တစ်ခုချကာ အရံအစီစဉ်တစ်ခုဆွဲထားလိုက်သည်။ ဒီအစီစဉ်အတွက် ကိုကိုမလွန်ဘူးပူတင်းလေး။ ဒီအစွစဉ်ကို ထုတ်မသုံးရဖို့တော့ ကိုကိုဆုတောင်းတယ်ကွာ။

"ဖေဖေ"

"သမီးလာလေ"

"ဖေဖေ့ကိုပေးစရာရှိလို့"

"ဟေ"

အနားလာထိုင်သည့်သမီးက နောက်မှဖွက်ထားသည့် အင်္ကျီလေးကိုထုတ်ပြသည်။

"မီးမီးကိုယ်တိုင်ချုပ်ထားတာ ဖေဖေကအနက်ရောက်ကြိုက်တယ်မလား ဖေဖေ့အတွက်"

သမီးပေးသည့်အင်္ကျီလေးကို ဖြန့်ကြည့်သည့်အခါ အရင်အင်္ကျီတွေလိုမဟုတ်ပဲ ချုပ်ရိုးချုပ်သားသေသပ်စွာဖြင့်ချုပ်ထားမှန်း သိသာလှသည်။ အင်္ကျီလေးကို ကြည့်၍ ပီတိမျက်ရည်များကျလာရသည်။ သမီးလေးနှင့် ဇနီးဖြစ်သည့်ခလေးသည်သာ ဥဿာကိုမျက်ရည်ကျအောင် စွမ်းနိုင်ကြသည်မဟုတ်လား။

"ဖေဖေ..."

"ဖေ့သမီးလေးကိုယ်တိုင်ချပ်ပြီးပေးတော့ ဖေဖေကဝမ်းနည်းဝမ်းသာကြီးဖြစ်သွားတာကွ"

"ဖေဖေ့ကိုအရင်ကပေးတာတွေကလေ မီးမီးလက်ရာမကောင်းသေးတော့ ဖေဖေဝတ်လို့မဖြစ်ဘူးဆိုတာမီးမီးသိတယ် အခုတော့ယုံကြည်ချက်ရှိပြီ မီးမီးအတွက်အကောင်းဆုံးအချိန်လို့လဲထင်တယ် ဒါလေးကလေ မီးမီးသေချာအချိန်ပေးပြီးချုပ်ထားတာ ဖေဖေကြိုက်လားဟင်"

"ကြိုက်တာပေါ့ဖေ့သမီးရ ဖေဖေ့သမီးအလိမ္မာတုံးလေးပေးတာကို ဖေဖေကအကုန်ကြိုက်ပြီးသား ဒါလေးကတော့ ထူးတာပေါ့သမီးရာ"

"ဟီး...ကျေနပ်ပြီ"

ဖေဖေ့ရင်ခွင်ထဲတိုးဝင်၍ ဖေဖေ့ကိုမှီ၍ငြိမ်နေမိသည်။

"ဖေဖေ့ဆီကလေ အစွမ်းတွေရသလိုပဲ"

"ဖေဖေ့အနားကပ်လိုက်ရင်လေ မီးမီးစိုးရိမ်တာတွေ ပင်ပန်း​တာတွေအကုန်ပျောက်သွားတာ ပြီးရင်ကလေးလေးပြန်ဖြစ်သွားသလိုခံစားရတယ်"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now