Chapter 204

433 75 7
                                    

🍀 Chapter 204

ဧည့်သည်တွေကို ဧည့်ခံတဲ့ပွဲသည် ထိုလူများ‌ကြောင့် နှောင့်နှေးသွားရသည်။ ပွဲဖွင့်ဖို့ ချိန်းထားတဲ့အချိန်ကိုတောင်လွတ်သွားခဲ့သည်။ ရန်ရှန်းလွေ့နှင့် လင်းဂျင်ရွှမ်ပြန်လာပြီးနောက် ပထမဆုံးပြုလုပ်သည့်အရာမှာ ဆုန်းကန်နွီနှင့် အခြားသူများကိုပွဲစဖို့ပြင် ဆင်ရန်အမိန့်ပေးခြင်းပင်ဖြစ်သည်။ ရွာတွင် လူများလွန်းသဖြင့် ယောက်ျားမိန်းမနှင့် ခုနှစ်နှစ်အောက် ကလေးများစားပွဲတစ်ဝိုင်းတွင် အတူထိုင်စား၍မရ ထိုကဲ့သို့ ကျင့်၀တ်များ များများစားစားမရှိပေ။ လင်းဂျင်ရွှမ်သည် ကျယ်ဝန်းသော ခြံထဲတွင် အထူးပြုလုပ်ထားသော ထောင့်မှန်စတုဂံစားပွဲကြီးဖြင့် ဧည့်သည်များအား နေရာချပေးရုံမျှမက အမျိုးသမီးများနှင့် ကလေးများအား စားပွဲတစ်လုံးနေရာပေးကာ၊ အမျိုးသားများ များပြားလွန်းသဖြင့် စားပွဲကြီးငါးလုံးကို နေရာယူထားခဲ့ကြသည်။ ထိုထဲတွင် ကျွန်များ မပါဝင်သေးပေ။

ညစာစားပွဲတွင် ကြက်သား၊ ဘဲ၊ ငါးနှင့် ဝက်သား၊ သင်စိတ်ကူးနိုင်သမျှ အသားဟင်းများနှင့် မနီးမဝေးတွင် သပ်ရပ်လှပသော ဝါးခြင်းတောင်းအနည်း ငယ်ထဲတွင် အဖြူရောင်နှင့် ပူပူနွေးနွေးပေါင်းထားသော ပေါင်မုန့်လုံးများနှင့် အတွင်းတွင်အသားထည့် ထားသောမုန့်များပါရှိသည်။ စားပွဲတစ်ခုစီ၏အ နောက်တွင် ဧရာမသစ်သားမီးဖိုကြီးတစ်လုံးရှိပြီးအထဲတွင် ဆန်ချက်ထားသည်မှာ သားရေယိုစရာပင်။ ဒီလိုပွဲကြီးမျိုးကို ရွာတွေမှာ တစ်ခါမှမတွေ့ဖူးပါဘူး။ ဒါပေမယ့် လူတိုင်းက သူတို့ရဲ့ တူတွေကို ကောက်ကိုင်ဖို့ စိတ်မရှိကြဘူး၊ တစ်ခုခုကို စိုးရိမ်နေကြတုန်းပဲ "ပလိပ်ရောဂါ" လင်းဂျင်ရွှမ်က ခုနက ပြောခဲ့ခြင်းပင်။ ထို့ကြောင့် အရသာရှိသောအစား အစာများသည် သူတို့ဘဝထက် ပိုအရေးကြီးမည် မဟုတ်ပေ။

“ကျွန်တော့်ကို အချိန်ပေးပြီး အိမ်ဆောက်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ မင်းတို့ကို ဒုက္ခပေးခဲ့ရလို့ တောင်းပန်ပါတယ်။ ဝိုင်အစားလက်ဖက်ရည်တစ်ခွက်နဲ့ ပေါင်မုန့်မီးကင်ကိုပေးချင်ပါတယ်။ မင်းတို့ရဲ့အကူအညီလိုအပ်ခဲ့ရင်လည်း ငါ မင်းတို့ကို ထပ်ပြီးအနှောက်အယှက်ပေးရဦးမယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်' (Book II)Where stories live. Discover now