Chapter 205

448 69 1
                                    

Chapter 205

ဝိုင်ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်ရှင်တစ်ယောက်အနေနှင့် ဆိုင်ရှင်ကျန့်က နောက်ဆုံးပြောခဲ့သည်ကသေချာသည်။ အူမကြီးအား ဂရုတစိုက်မြည်းစမ်းပြီးနောက် ကန်စွန်းဥတစ်ပိုင်းကိုကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ချိုကာကောက်ညှင်းနှင့် ရောသွားသဖြင့်မို့ အူမကြီးထဲရှိအဆီများကိုပျယ်သွားစေ သည်။ အလှဆင်မှုအချို့ကို ထပ်ပေါင်းထည့်လိုက် ပါက ထိုဟင်းလျာသည် ၎င်းတို့ဆိုင်၏အထင်ကရအသားဟင်းလျာများထဲမှ တစ်ခုဖြစ်လာမည်မှာသေချာသလောက်ပင်။

“ကျွန်တော်က နှုတ်ခမ်းလေးလှုပ်ရုံပဲ ဟင်းပွဲအား လုံးကို မရီးစုန့်ရဲ့ ဦးဆောင်မှုအောက်မှာ အိမ်အကူတွေကချက်ပြုတ်ခဲ့တာပါ။ ကြိုက်ရင် များများစား၊ ဒီငါးချိုချဉ်လည်း မဆိုးဘူး၊ ပြီးတော့ အဲဒီအထဲမှာ ဟင်းခတ်အမွှေးအကြိုင် ဟင်းသီးဟင်းရွက်အနည်း ငယ်ထည့်ထားသေးတယ်၊ မြည်းစမ်းကြည့်ပြီးတော့ မင်းရဲ့စားသောက်ဆိုင်နဲ့ယှဉ်ကြည့်ပါဦး"

လင်းဂျင်ရွှမ်က ပြုံးလျက် သူ့အတွက် မတူညီသော ဟင်းလျာများကို စိတ်ပါလက်ပါ မိတ်ဆက်ပေးနေ ခဲ့သည်။ သူပြောသမျှ ဟင်းပွဲတိုင်းပေါ်သို့ ဆိုင်ရှင်ကျန့်၏မျက်လုံးများသည် ထိုပန်းကန်ပေါ်ရွေ့လျားသွားကာ သူ့တူများကနောက်တွင်လိုက်ပါလာပြီး အံ့သြတကြီးမျက်နှာအမူအရာပြနေခဲ့သည်။ လင်းဂျင် ရွှမ်၏ အမျိုးသမီးထမင်းချက်များသည် ၎င်းတို့၏ စားဖိုမှူးကြီးများထက်ပင် မဆိုးလှဟု သူတကယ်ပင်မမျှော်လင့်ခဲ့ပေ။ အူမကြီးကို ဆန်မှုန့်နဲ့ ပေါင်းထားတာကလွဲရင် ကျန်တဲ့ဟင်းတွေကို သူစားဖူးတယ်၊ ဒီကနဲ့ အရသာကမတူဘူး ဒါမှမဟုတ် ဒီကပိုကောင်းတယ်လို့ပြောလို့ရတယ်။ ဟင်းတစ်မျိုးတည်းကို အရသာကွဲအောင် ဘယ်လိုများလုပ်ထားတာလဲ ??

"ညီလေးလင်း မင်းရဲ့ အမျိုးသမီးထမင်းချက်တွေဆီ လိုက်ကြည့်လို့ရမလား ဒီဟင်းလျာတွေက အရမ်းကောင်းတာဆိုတော့ ငါ့ဆန္ဒကတော့စား သောက်ဆိုင်မှာရှိတဲ့ ထမင်းချက်တွေအားလုံး သူ့ဆီကနေသင်ယူနိုင်ဖို့ပဲ"

တူများကိုချလိုက်ပြီး ဆိုင်ရှင်ကျန့်က ထိုကဲ့သို့ပြောရန် မတွန့်ဆုတ်ခဲ့ပေ။ သူသည်လည်း လင်းဂျင်ရွှမ် ၏သူငယ်ချင်းလည်းဖြစ်သည်ဟုဆိုနိုင်သည် ဒါကြောင့် သူပြောချင်တာမှန်သမျှကို ဖုံးကွယ်မထားပဲ‌ပြောချတတ်တယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်' (Book II)Where stories live. Discover now