Chapter 206

287 51 1
                                    

Chapter 206

သက်ဆိုင်သူ အနည်းငယ်မှလွဲ၍ မည်သူမျှ ဤအ သေးအမွှားနှောက်ယှက်မှုကို သတိပြုမိသော် လည်း ပေါင်မုန့်နှစ်လုံးမပါဝင်ပါ။ အစ်ကိုကြီးအဖြစ် မှတ် ယူထားတဲ့ ချူရန်ကို သူတို့အဖေက ရိုင်းစိုင်းလွန်းနေတာကို မြင်လိုက်ရသဖြင့် ပေါင်မုန့်နှစ်လုံးက အရသာရှိတဲ့ အစားအစာတွေကို ချက်ချင်းချန်ထားခဲ့ကာ တူတွေကိုချလိုက်ပြီး ဖခင်ရှေ့ကို ရောက်လာခဲ့သည်။

"ဖေဖေ၊ အစ်ကိုရန်ကို ဘယ်လိုလုပ် ဒီလိုဆက်ဆံရတာလဲ။ အဖေ ကျွန်တော်တို့ကို အမူအကျင့်ရှိဖို့ သင်ပေးခဲ့တာမဟုတ်ဘူးလား။ သူက ဧည့်သည်ဖြစ်ပြီး အဖေက အိမ်ရှင်ပါ။ ဘယ်လိုအိမ်ရှင်မျိုးက သူ့ဧည့်သည်ကို ဒီလိုဆက်ဆံမှာလဲ"

လင်း၀မ်သည် မကျေမနပ်မျက်နှာဖြင့် စူးစူးဝါး ဝါး ဒေါသမျက်နှာဖြင့် လက်နှစ်ဖက်ကိုနောက်သို့ပစ် ထားလိုက်သည်။ တစ်ဖက်က ပေါင်မုန့်လုံးသေးသေးလေးကလည်း

"ဟုတ်တယ် ဖေဖေဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ ? အစ်ကိုရန် သူ့ကို လျစ်လျူရှုလိုက်ပါ ။ ငါ မင်းကို ဝံပုလွေအဖေနဲ့ကစားခိုင်းမယ် ဟုတ်ပြီလား"

ပထမဦးဆုံးအကြိမ်၊ သူတို့အဖေကို အပြင်လူတစ်ယောက်အတွက် ဒေါသထွက်ခဲ့တယ်။ ရန်ရှန်းလွေ့သည် သူ့မျက်လုံးရှေ့တွင် မှောင်မိုက်နေသည်ကိုသာခံစားလိုက်ရသည်။ သူ့သားတွေရဲ့ အဆူခံရတဲ့အခါ လင်းဂျင်ရွှမ် ဘယ်လိုခံစားရပုံကို သူနားလည်သွားတယ်။ အရမ်းဆိုးတယ်လို့ ခံစားရပေမယ့်...

"အရွယ်‌ရောက်နေတဲ့လူကြီးတွေကြားက ကိစ္စကို မင်း နားမလည်နိုင်ဘူး။ ငါ မင်းကိုနောက်မှ ရှင်းပြမယ်"

ရန်ရှန်းလွေ့သည် သူ့သားများ၏မကျေနပ်မှုကြောင့် သာ သူ့သဘောထားကို မပြောင်းလဲခဲ့ပေ။ သူ့စိတ်ထဲတွင် သူမှန်သည်ဟု ပြောနေသည့် အသံတစ်ခုရှိနေပုံရသည်။ သာမန်လူများ သည်းမခံနိုင်သည့်အရာကို ခံနိုင်ရည်ရှိမှသာလျှင် ချူရန်ကရှင်သန်နိုင်မည်ဖြစ်သည်။ သူက သူ့အကျိုးအတွက်လုပ်ခဲ့တာ။

"ဘာတွေရှိလဲ သားတို့က နားမလည်ဘူး ?? ဖေဖေ ကျွန်တော်တို့က သားသမီးတွေဆိုပြီး ကျွန်တော်တို့ကို လွယ်လွယ်နဲ့လိမ်ညာနေတာပဲ ကျွန်တော့်မျက်စိနဲ့ ကျွန်တော်မြင်တယ်။ အဖေက အစ်ကိုရန်ကိုအ ကြောင်းပြချက်မရှိဘဲ အပြစ်တင်တယ်၊ အဲဒါ အဖေ မကောင်းတာပဲ။"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်' (Book II)Where stories live. Discover now