Chapter 207

340 59 2
                                    

Chapter 207

ပေါင်မုန့်နှစ်လုံးသည် အခြားသူများကို နှောင့်ယှက်တဲ့အခါ စကားပြောတတ်တဲ့ ပုံးနှစ်ပုံးနှင့်တူတယ်  သူ့ကိုယ်သူ 'ညှင်းပန်းနှိပ်စက်' ရန် မလုပ်ချင်ပါ။

"လာစမ်းပါ! ငါ့ဥစ္စာကလည်းမင်းရဲ့ဥစ္စာမဟုတ်ဘူးလား? မင်းမြေဝယ်ဖို့စီစဉ်တုန်းက ရှောင်၀မ်ကို မင်းကိုယုံကြည်အောင် ငါကူညီပေးခဲ့တယ်လေ သတိရစမ်းပါ။ ဂျင်ရွှမ် မင်းက အကြင်အနာကင်းမဲ့မှာတော့ မဟုတ်ဘူးမလား”

သူ့ရှေ့တွင် ရန်ရှန်းလွေ့သည် သူ့မျက်နှာ အထူအပါးကအဆက်မပြတ်ပြောင်းလဲနေသည်။ မြင်လား ?  ဒီမှာ ထပ်ဖြစ်ပြန်ပြီ။

“အဲဒါက လုံးဝကိုကွဲပြားတဲ့ကိစ္စပဲတခြားအကြောင်း အရာတွေကိုတော့ ငါစဉ်းစားနိုင်ပေမယ့် ဒီတစ်ခုတော့မဟုတ်တာ သေချာတယ်။ ရှောင်၀မ်နဲ့ ရှောင်ဝူအကြောင်း မင်းသိပါတယ်။ ငါသူတို့ကို ငါ့ကိုယ်ငါ အပ်နှံလိုက်ရင် ခေါင်းပေါက်ကွဲသွားရလိမ့်မယ်။ ငါ ဒေါသထွက်ရတာ မလုံလောက်သေးဘူးလို့များ မင်း ထင်နေလား"

သူ့မျက်လုံးများကို မှိတ်ထားရင်း လင်းဂျင်ရွှမ်က ပြန်လည်ငြင်းခုံလိုက်သည်။ သို့သော် လူရာနှင့်ချီရှိနေခြင်းကို လျစ်လျူရှုကာ ရန်ရှန်းလွေ့က သူ့ပါးစပ်ကိုဖွင့်ကာ လည်ပင်းကိုကိုက်လိုက်ပြီး

"ဟုတ်တယ် လို့ မပြောမချင်း ငါ မလွှတ်ဘူး"

“ကောင်းပြီလေ…”

လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများရှေ့တွင်အမှောင် ကိုခံစားလိုက်ရသည်။ သူ့ခံစားချက်တွေကို အခုချိန်မှာ ထုတ်ဖော်ပြောလို့မရဘူး။ ဒီလို အရှက်မဲ့တဲ့လူ ကြမ်းကြီးကို ဘယ်သူမြင်ဖူးလဲ။ ကောင်းကင်က သူ့ကို မိုးကြိုးပစ်ပြီး ဘာကြောင့်များမသတ်ရတာလဲ။  သူတစ်ပါးကို အန္တရာယ်ပြုရန် ဤလောက၌အဘယ် ကြောင့်များ တည်ရှိနေရသနည်း။

သူ့လှည့်ကွက် အောင်မြင်တော့မည်ကို မြင်လိုက်ရသည် သူ့မျက်လုံးများတွင် မကောင်းဆိုးဝါးခံစားမှု အပိုင်းအစများ တဖျပ်ဖျပ် ဖျတ်ခနဲ ထွက်လာပြီး ရန်ရှန်းလွေ့သည် ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး သူ၏နွေးထွေးသောလျှာသည် ချစ်ခင်တွယ်တာစွာဖြင့် ခပ်တိမ်တိမ်ကျန်ခဲ့‌သော သွားရာများကို နမ်းလိုက်သည်။ လင်းဂျင်ရွှမ်သည် ထိုနေရာတွင်ပင် ညည်းညူမိလိုက်သည်။ သူ့လည်ပင်းက အရမ်းထိ ခိုက်လွယ်တဲ့အပြင်၊ အဲဒီနှစ်တွေ တစ်လျှောက်လုံး ဘယ်သူနဲ့မှ မလှိမ့်ခဲ့ဖူးဘူး၊ သူက အရမ်း 'ဆာ လောင်နေပြီ'။ အကယ်၍ သူသည် ထိုကဲ့သို့သာ ဆက်၍ ပရောပရည်လုပ်နေပါက၊ အဆိပ်ဖြင့်သတ်ပစ်မိမည် သို့မဟုတ် သူ့ကိုယ်သူ ထိုးကျွေးပစ်လိမ့် မည်သာဖြစ်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်' (Book II)Where stories live. Discover now