Chapter 208

338 57 3
                                    

Chapter 208

"ဂျင်ဟွာ သူ့ကို လျစ်လျူရှုလိုက်ပါ သူမခေါင်းထဲမှာ ဂျုံတွေအပြည့်ထည့်ထားတယ်။ ငါတို့ရဲ့ဂျင်ဟန် ကနောက်ဆုံးတော့ ပြန်ကောင်းလာပြီး၊ သူက ငါတို့အတွက် Xiucai ဘွဲ့ကို သေချာပေါက်ယူပေးလိမ့်မယ်။ ပြီးတော့ သူ့အဖွားအနေနဲ့ ငါလည်း ဂုဏ်ယူပါတယ်”

ဦးနှောက်မရှိသူကို မောင်းထုတ်ပြီး စိတ်မသက်မ သာဖြစ်နေတဲ့ အမျိုးသမီးကြီးစန်းက သူ့သမီးရဲ့လက်ကိုဆုပ်ကိုင်ထားပြီး လင်းဂျင်ရွှမ် စာရင်းသွင်းခံရတဲ့မြင်ကွင်းကို သူမမြင်ဖူးခဲ့တာ‌ကြောင့် သူမပြောလိုက်သည်က ပိုပျော်ရွှင်စေခဲ့ပါတယ်။

“ဟုတ်တယ် သူ့အဒေါ်ကြီးဆိုတော့ ကျွန်မလည်း အဲဒါကနေ အများကြီးအကျိုးရှိနိုင်တယ်။ ဂျင်ဟွာ မင်းက ဒီလိုချည်းမနေသင့်ဘူး"

ထက်မြက်သောအမျိုးသမီးမူစကားအား ဘေးမှ ကမန်းကတန်း အခြားယောင်းမနှစ်ယောက်လည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။ ထို့နောက် အမျိုးသမီးစန်း၏ တစ်ဖက်တွင်ထိုင်နေသော ၀မ်ဂျင်ယုသည် သူမ၏လက်ကိုဆွဲကာ အစ်မဖြစ်သူကိုကြည့်ပြီး

"အစ်မကြီး အမေပြောတာမှန်တယ်။ ဂျင်ဟန်က ငယ်ငယ်လေးကတည်းက ထက်မြက်တယ်။ ဒီနှစ်များတစ်လျှောက်လုံး စာအုပ်များဖတ်‌နေခဲ့တာဖြစ်တဲ့အတွက် စာရင်း၀င်ဖို့ သူ့အတွက်ပြဿနာမဟုတ်ဘူး။ မင်းရဲ့ ကောင်းမွန့်တဲ့ နေ့ရက်တွေကိုပဲစောင့်လိုက်ပါ!"

သူတို့အားလုံးပြောဖို့ကောင်းတဲ့ စကားလုံးတွေကို ရွေးပြီးပြောတဲ့အတွက် အမျိုးသမီး၀မ်က စိတ်အ‌ ခြေအနေပြန်ကောင်းပြီး

“လာစမ်းပါ! မင်းက  အခုကတည်းက ငါ့ကိုမမျှော် လင့်ထား‌တာ‌တွေလုပ်ပြပြီးသား။ မေမေ ဖေဖေတို့နဲ့ ရက်အနည်းငယ်ကြာအောင် ဘာကြောင့်မနေရတာလဲ။ အရင်က ငါ အသုံးမကျခဲ့ဘူး၊ မင်းရောက်လာတဲ့အခါ မင်းကို ဧည့်မခံနိုင်ဘူး။ အခု ငါတို့ ခွဲထွက်ပြီးသွားပြီ။ ဂျင်ရွှမ့်ဦးဆောင်မှုအောက်မှာ ငါတို့ရဲ့ နေ့ရက်တွေ ပိုကောင်းမွန်လာတယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့၀တ္တရားလေးတွေပြသဖို့အခွင့်အရေးပေးပါဦး”

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်' (Book II)Where stories live. Discover now