Chapter 210

671 79 15
                                    

Chapter 210


အိမ်ရှင်တွေရော ဧည့်သည်တွေရော စိတ်ပါလက်ပါ စားကြတယ်။ အလုပ်သမားများ ထွက်ခွာသွားသော အခါလူတိုင်းတွင် စူးရှရှအနံ့ရှိပြီး အစပ်အနည်းငယ် ပါပြီး ဆတ်တောက်ဆတ်တောက်ဝါးလို့ရသော ပီလောပီနံအလုံးလေးများပါသည့် ဆီစက္ကူအထုပ်နှစ်ခုရှိသည်။ ဧည့်သည်တွေရဲ့အိမ်မှာကျန်ခဲ့တဲ့ကလေးတွေအတွက် အပြန်ယူသွားစေချင်တာဖြစ်တာကြောင့် လင်းဂျင်ရွှမ်က အစေခံတွေကိုကြိုတင် ပြင်ဆင်အမိန့်ပေးထားခြင်းဖြစ်သည်။ထိုမျှလောက်မဟုတ်သော်လည်း သူ့စိုးရိမ်မှုကိုပြသရန်သာဖြစ် သည်။ ပြန်သွားချိန်မှာတော့ အားလုံးကပျော်နေကြပုံရပြီး အိမ်ရှင်က အရမ်းရက်ရောတယ်လို့ ချီးကျူးသွားကြပါတယ်။

လောင်၀မ်၊ အာမခံသူလျူ အပါ လင်းဂျင်ရွှမ်နှင့် နီးစပ်သောဆိုင်ရှင်ကျန့်တို့သည် အထုပ်ကြီးငါးထုပ်ကိုလက်ခံရရှိခဲ့သည်။ လင်းဂျင်ရွှမ်က သူတို့ကိုအ ရက်နဲ့မြည်းဖို့ ဟင်းတစ်ခွက်လို့သာ ပြောခဲ့ပါတယ်။ ဟင်းလျာများကို မြည်းစမ်းပြီးနောက် သူတို့သည် ယဉ်ကျေးသိမ်မွေ့သော စကားအချို့ကို သင်္ကေတပြုကာလက်ခံကြသည်။ ဆိုင်ရှင်ကျန့်သည် လင်းဂျင်ရွှမ်နှင့် စီးပွားရေးအကြောင်းပြောရန် ကြံရွယ်ခဲ့သည်။ တစ်စုံတစ်ယောက်အရေးပေါ်ကိစ္စရှိသဖြင့် မြို့ထဲမှလူတစ်ယောက် ရုတ်တရက်ရောက်လာခဲ့တယ်။ ထို့ကြောင့် ရွေးချယ်စရာမရှိသောကြောင့် သူသည် အာမခံသူလျူနှင့် အတူထွက်သွားခဲ့ရပြီး လောင်၀မ့်ကို အပြန်လမ်းကြုံလိုက်စီးစေခဲ့သည်။

သူတို့မှာ အိမ်အကူတွေ အများကြီးရှိလို့ ဘာမှကူစရာမလိုတာကို တွေ့လိုက်ရတော့ ထမင်းစားပြီးတာနဲ့ ကျောက်နဲ့ဟန် လင်မယားနှစ်ယောက်က လောင်ဒရှန်းအား တိုင်၀မ်ကို ဂရုစိုက်ဖို့တောင်းဆိုပြီးထွက်သွားကြပါတယ်။ နောက်ဆုံးတော့ ၀မ်မိသားစုက လူတွေပဲကျန်တော့တယ်။ သူ့မိခင်အတွက်ကြောင့် အမျိုးသမီးဟန်က သူ့ကို အကြိမ်ပေါင်းများစွာ အရှက်ခွဲဖို့ ကြိုးစားတဲ့အခါ လင်းဂျင်ရွှမ်က ခွေးဟောင်သံအဖြစ် သူ့စိတ်ထဲမှာ ထည့်မထားခဲ့ပါဘူး။ ပွဲပြီးချိန်သည် နောက်ကျပြီး ဧည့်သည်တွေအားလုံးကိုလိုက်ပို့ပြီးချိန်၌ ညနေစောင်းနေခဲ့လေပြီ။ နေ့ လယ်တစ်ရေးတစ်မောအိပ်ချိန်ဖြစ်သည်မို့ တစ်မိသားစုလုံး စကားစမြည်ပြောရင်း လက်ဖက်ရည်သောက်ရင်း ပင်မခန်းထဲမှာထိုင်နေခဲ့ကြသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်' (Book II)Where stories live. Discover now