🍥10🍥

315 61 14
                                    

Unicode

ရဟတ်စီးပြီးလို့ အောက်ရောက်တုန်းပဲရှိသော ပင်လယ်ဓားမြစီ သွားရန် ခြေလှမ်းလှမ်းနေတဲ့ထယ်ယောင်းလက်အား ဂျောင်ဂုလှမ်းဆွဲလိုက်ကာ...။

"စာသင်ရဉီးမယ် ထယ်ယောင်း မစီးနဲ့တော့..."

ဂျောင်ဂုအပြောအား ထယ်ယောင်းသည် ေဂျာင်ဂုလက်အားပြန်ကိုင်လိုက်ပြီး...။

" ဂျောင်ဂုကလဲ ပွဲစေိူကစာထက်အရေးကြီးတယ် စာကမနက်ဖြန်မှလုပ်လဲရတယ်လေ...နော်ပင်လယ်ဓားမြသွားစီးမယ်..."

ဂျောင်ဂုလက်အားကိုင်ကာ မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုဘာမှဆက်မပြောတော့ပဲ ထယ်ယောင်းခေါ်သွားရာ ပင်လယ်ဓားမြနေရာထိ ပါလာသည်။

မင်ယော့က အားလုံးအတွက်လက်မှတ်သွားဝယ်ပေးပြီး ငါးယောက်သား ရဟတ်မှာထိုင်တုန်းကအတိုင်းသာထိုင်ကြသည်။

ထယ်ယောင်းတို့သုံးယောက်က ထိပ်ဆုံးအတန်းတွင်ထိုင်တာဖြင့်ပြီး အောက်တစ်တန်းတွင် ယွန်းဂီတို့ထိုင်သည်။

ထုံးစံအတိုင်း အလယ်မှာထိုင်နေတဲ့ ထယ်ယောင်းလက်အား မင်ယော့နဲ့ဂျောင်ဂုက ကိုင်ထားသည်။

ဂျောင်ဂုက ပိုင်စိုးပိုင်နင်းဖြင့် ထယ်ယောင်းခါးကိုပါဖက်ထားသည်။

ထိပ်ဆုံးတန်းဖြင့်တာကြောင့် အတော်လေးမြင့်သဖြင့် မင်ယော့ပါစီးရင်အော်နေသောကြောင့် ထယ်ယောင်းက မင်​ယော့ကိုကြည့်ကာ တခစ်ခစ်ရီနေပြီး ဂျောင်ဂုကတော့ သူဆုပ်ကိုင်ထားတဲ့ထယ်ယောင်းလက်သွယ်သွယ်လေးအားကြည့်ရင်း ပင်လယ်ဓားမြရပ်သွားသည်အထိ မသိလိုက်...။

"ဂျောင်ဂုထပ်စီးချင်သေးလို့လား ထိုင်နေတာ... "

"အဟမ်း မဟုတ်ပါဘူး ထပြီး..."

ထယ်ယောင်းလက်ကိုကြည့်နေရင်း ပင်လယ်ဓားမြရပ်သွားတာပါမသိလိုက်တဲ့ ကိုယ်အဖစ်ကိုယ် ရှက်သွားရကာ လုပ်ချောင်းဆိုးကာ ထယ်ယောင်းအားပြောလိုက်သည်။

ငါးယောက်သား ညပွဲစျေးက ရှိသမျှ ဆော့စရာတွေလိုက်ဆော့ကာ ေမာကာ ဗိုက်ဆာလာသောကြောင့် ကိုရီးယားစားသောက်ဆိုင်ထဲဝင်လိုက်ကျသည်။

♡Falling in love ♡(Completed )Where stories live. Discover now