1

17 3 0
                                    

အပိုင်း ၁


UnUni

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၁

“အိုက်ယိုး ဒါက တွေ့ရခဲတဲ့ ဝိညာဉ်ဆေး မလား နောက်ပြီး နေမကောင်းတဲ့သူတွေအတွက် သုံးရတာလေ”

“ဟုတ်တယ်။ ဒီမိန်းကလေးက အိပ်ပျော်နေတာ ၁၀နှစ်လောက်ရှိပြီ။ သူနိုးလာလိမ့်မယ်လို့ နင်ထင်လား”

“ဟားဟား ဒီဝိညာဉ်ဆေးက ဘာမှမဟုတ်ဘူး။ ငါကြားတာက မော့ယန်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်တဲ့။ ကံမကောင်းတာက အဲ့ဒါတွေအကုန်လုံးက သူ့ညီမအတွက်ပဲတဲ့”

မိန်းကလေးတွေရဲ့စကားပြောသံတွေက မော့ချူးနားထဲမှာ ဆူညံနေသည်။ ဘာနဲ့တူလဲဆိုတော့ ဘဲကောင်(၁၀၀)လောက်က အဆက်မပြတ် အော်နေတာနဲ့ တူနေသည်။ နောက်ပြီး သူမကို ခေါင်းကိုက်စေသည်။

“ရှူး... တိုးတိုးပြော။ တစ်ယောက်ယောက်က ဒီစကားတွေကို သွားဖြန့်လိုက်လို့ မော့ယန်ကြားသွားရင် ငါတို့ ဒုက္ခအကြီးအကျယ်‌ ရောက်မှာ”

“ဟာ ဘာကိုကြောက်ရမှာလဲ။ ငါတို့ ပြောနေတာတွေက အမှန်တွေလေ” မောက်မာတဲ့ မိန်းကလေးက သူမရဲ့ အသံကို မြှင့်၍ ပြောလိုက်သည်။ သူမရဲ့အသံက ရှက်ရမ်း ရမ်းတဲ့ပုံစံ ပေါက်နေပြီး ဆက်ပြောလိုက်သည်။

 “မော့ယန်ကို ဒုက္ခပေးတဲ့ ဒီကျက်သားရေ မရှိတဲ့ကောင်မလေးကြောင့်သာ မဟုတ်ရင် သူ့အသက်ကို အမြဲတမ်း စွန့်စားနေရမှာမဟုတ်ဘူး”

“ဟုတ်တယ်”

“ချင်းချင်းပြောတာမှန်တယ်”

“မှန်တယ်မှန်တယ်” မိန်းကလေးတွေအားလုံးထောက်ခံကြတာကို ကြားပြီး မောက်မာတဲ့မိန်းကလေးရဲ့ အသံက ပိုကျယ်လာတော့သည်။

 “ငါပြောရရင်တော့ ဒီအမှိုက်မက သေသွားတာပဲပိုကောင်းတယ်။ သူအသက်ရှင်နေလည်း ဝန်ထုပ်ပိုတာပဲရှိတယ်။ ဘယ်အချိန်ထိ မော့ယန်ကို ဒုက္ခပေးနေဦးမှာလဲမသိဘူး” ဟု သူမက ပြောလိုက်သည်။

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်းWhere stories live. Discover now