3

19 1 0
                                    

အပိုင်း ၃

UnUni

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၃


“ဘယ်လို”

ဟူထျန်းရဲ့မျက်လုံးများ ပြူးသွားပြီး တင်းမာစွာမေးလိုက်သည်။ “ကောင်လေး မင်းအခုဘာပြောလိုက်တာလဲ”

အခြားအဖွဲ့ဝင်များကလည်း မော့ယန်ကို မယုံနိုင်သည့်မျက်လုံးများနှင့် ကြည့်နေကြသည်။ သူတို့ဟာ တာဝန်ကိုငါးနှစ်လောက် ထမ်းဆောင်ပြီး အတူတကွ အလုပ်လုပ်ခဲ့သူများ ဖြစ်သည်။ အခုတွင် မော့ယန်သည် အသေးအဖွဲ့ ကိစ္စလေးအတွက်နှင့် အဖွဲ့အစည်းထဲမှ နှုတ်ထွက်ရန် ပြောနေသည်။

“ကျွန်တော် အဖွဲ့အစည်းထဲက ထွက်တော့မယ်လို့ ပြောလိုက်တာ” ဟု မော့ယန်က ခေါင်းဆောင်ဟူ၏ မျက်လုံးများကိုကြည့်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။

ဟူထျန်းဟာ နှုတ်ခမ်းတွေဆက်ဆက်တုန်နေပြီး စားပွဲကိုအားနဲ့ထုလိုက်ကာ သူမျက်နှာသည်လည်း ဒေါသများနှင့်ပြည့်နေသည်။ “မင်း ဘာတွေပြောနေတာလဲ။ ဒီနှစ်တွေမှာ ငါတို့တွေက အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတာကွ။ ဒီကိစ္စလေးလောက်နဲ့ မင်းကအဖွဲ့အစည်းထဲက ထွက်ချင်တယ်ပေါ့လေ”

“မှန်တယ်” အခြားအဖွဲ့ဝင်များကလည်း သူ့ကိုမထွက်သွားစေရန် တိုက်တွန်းကြသည်။ “မော့ယန် မင်းထွက်သွားရင် ငါတို့ဝံပုလွေရိုင်းအဖွဲ့အစည်းမှာ အရေးပါတဲ့အပိုင်းက လပ်နေလိမ့်မယ်ကွ”

“ဟုတ်တယ်။ မင်းက ဒီတိုင်းပဲ ထွက်သွားတော့မှာလား”

ဒါပေမဲ့လည်း မော့ယန်ကတော့ တုပ်တုပ်မျှမလှုပ်ခဲ့ပါဘူး။

“တော်ပြီ” ခေါင်းဆောင်ဟူဟာ သူ့သမီးမှားမှန်းသိသည်။ သူက လက်ထောင်ပြီး တားလိုက်သည်။ “ချင်းချင်းလုပ်လိုက်တာက လက်မခံနိုင်စရာကောင်းတာအမှန်ပဲ။ မင်းသူမကို အပြစ်ပေးရင်လည်း ငါဘာမှဝင်ပြောမှာမဟုတ်တော့ဘူး။ ဒီလောက်ဆို လုံလောက်တယ်မလား”

ဟူထျန်းက သူ့သမီးဒုက္ခခံရမှာကို မကြည့်ရက်ပေ။ ဒါပေမဲ့လည်း မော့ယန်ဟာ ဒီလောက်အရွယ်လေးမှာတောင် မိုးကြိုးစွမ်းအင်တွင် အဆင့်(၅)ပညာရှင်ဖြစ်နေပြီ။ သူ့ရဲ့အလားအလာက အများကြီး ရှိသေးသည်။ ဒီလိုအ‌ရေးမဖွဲ့လောက်တဲ့ ကိစ္စအတွက်နှင့် သူ့ကိုထွက်သွားခွင့်ပြုလိုက်ရန်လည်း မတန်ချေ။

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်းWhere stories live. Discover now