4

64 6 0
                                    

အပိုင်း ၄

Uni

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၄



အရမ်းဆူညံနေတာပဲ။

မော့ချူးက ဆူညံသံတွေကို ဆက်တိုက်ဆက်တိုက် မကြားရခင်က သူမ အချိန်အကြာကြီး အိပ်ပျော်နေခဲ့တာကို ခံစားမိသည်။ ဆူညံသံများက သူမဖြည်းဖြည်းချင်းမနိုးခင်အထိ ပို၍ကျယ်ကျယ်လာသည်။

သူမ၏ သွယ်လျသောမျက်တောင်များသည် အနည်းငယ်လှုပ်ကာ ချိတ်ပိတ်ထားသည့်အဆောင်ထဲမှ မိန်းကလေးငယ်လေးသည် နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း မျက်လုံးများပွင့်လာသည်။ 

သူမ၏ အနက်ရောင် မျက်စံလေး နှစ်ခုသည် ကြီးမားသော ကြယ်စုကြီးများနှင့် တူပြီး သူမ၏ မျက်နှာ အသွင်အပြင်မှာ ချောမွတ်လှသည်။ သို့သော် သူမသည် ချိတ်ပိတ်ထားသော အဆောင်တွင် အကြာကြီးနေခဲ့ရသောကြောင့် သူမ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့ပြီး ပိန်ပိန်ပါးပါးဖြစ်နေသည်။

“ချူးလေး မင်းနိုးလာပြီလား။ ချူးလေး...” နူးညံ့ပြီး အနည်းငယ်တုန်နေသော အသံကို သူမကြားရသည်။

မော့ချူးက ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ ချောမောလှသော လူငယ်တစ်ယောက်က သူမကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးတွေက အနည်းငယ်နီနေပေမယ့် သူ့နှုတ်ခမ်းထောင့်က အပြုံးလေးက အခန်းတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သည်။

ချိတ်ပိတ်ထားသောအဆောင်ထဲမှ နိုးလာတဲ့ မိန်းမငယ်လေးကို မော့ယန်သည် မျက်တောင်မခတ်နိုင်‌လောက်အောင်ကြည့်နေသည်။ သူ့နှလုံးသားထဲက ထွက်လာတဲ့ ပျော်ရွှင်မှုက သူ့ကို ဖုံးလွှမ်းသွားသည်။

“သူမနိုးလာပြီ။ သူမနိုးလာပြီ” သူ့ဘေးနားကအဖွဲ့ဝင်များဟာ မယုံနိုင်စွာဖြင့် မျက်လုံးများပြူး၍ ပြောနေကြသည်။

အဖွဲ့ချုပ်၏ ဆေးဘက်ဆိုင်ရာနည်းပညာသည် အလွန်အဆင့်မြင့်သည်။ စိတ်ပိုင်းဆိုင်ရာ သေဆုံးခြင်းမဟုတ်သရွေ့ ဦးနှောက်သေခြင်းပင်လျှင် ကယ်တင်နိုင်မည်ဖြစ်သည်။ 

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်းWhere stories live. Discover now