2

13 2 0
                                    

အပိုင်း ၂

Uni

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၂

“ရှင် ကျွန်မကိုလုပ်တယ်ပေါ့” ဘာတွေဘဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်က သူမရဲ့ အသွင်အပြင်ကို ဂရုအစိုက်ဆုံးပင်။ မော့ယန်က သူမရဲ့မျက်နှာကို ထိခိုက်အောင်လုပ်လိုက်သည်။ ဟူချင်းရဲ့မျက်နှာက ချက်ချင်းမဲမှောင်သွားပြီး သူမရဲ့စိတ်ထဲမှာ မုန်းတီးစိတ်တွေ၊ ရှက်စိတ်တွေ ပြည့်သွားခဲ့သည်။ 

သူမရဲ့လက်ကိုမြှောက်လိုက်ပြီး ချွန်ထက်နေတဲ့ဓားမြှောင်နဲ့ မော့ယန်ကို ထိုးရန်ရွယ်လိုက်သည်။ ဒါပေမဲ့ မော့ယန်က ကြိုသတိထားမိပြီး ဟူချင်းရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီးတားလိုက်သည်။

“ခေါင်းဆောင်ဟူကြောင့်သာ မဟုတ်ရင် ငါမင်းကို ဒီနေ့အတွက် လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး” ဟု မော့ယန်က သုတ်မှုန်စွာပြောလိုက်သည်။ သူက သူရဲ့ ဘယ်ဘက်လက် သွယ်သွယ်လေးကို အနည်းငယ်မြှောက်လိုက်ပြီး ခရမ်းနက်ရောင်တောက်နေတဲ့ ဘောလုံးတစ်လုံးကို လေထဲတွင် ဝှေ့ရမ်းလိုက်သည်။ ထွက်လာတဲ့အရောင်တွေဟာ တရှဲရှဲမြည်နေပြီး အလွန်ကြောက်စရာကောင်းနေသည်။

“အား” အဲဒါကိုမြင်ပြီး အနောက်ကဘမိန်းကလေးတွေက နောက်တစ်ကြိမ်မအော်ဘဲ မနေနိုင်တော့ပါ။ သူတို့ရဲ့မျက်နှာတွေ ဖြူရော်နေကြပြီး ဖြစ်နိုင်ရင်ဘဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်နေကြသည်။

မော့ယန်ဟာ စွမ်းအင်အဆင့်(၅)ရှိပြီး ဝံပုလွေရိုင်းအဖွဲ့အစည်းတစ်ခုလုံးမှာ အတော်ဆုံးသူအဖြစ် သတ်မှတ်ထားကြသည်။ သူ့ရဲ့လက်ထဲမှာရှိတဲ့ စွမ်းအင်ဘောလုံးသေးသေးလေးနဲ့တောင် သူတို့အကုန်လုံးကို သတ်၍ရသည်။

“အဲ့တော့ ကျွန်မကို သတ်တော့မယ်ပေါ့လေ” ဟူချင်းက မော့ယန်နဲ့ အနီးဆုံးနေရာမှာရှိနေပြီး သူ့ရဲ့လက်ထဲက စွမ်းအားတွေကို ကောင်းကောင်းကြီး ခံစားနေရသည်။

 ဒါပေမဲ့ အဲ့လိုသိနေတာတောင် ဟူချင်းက အရှက်မကွဲချင်ဘူး။ သူမက ပြန်လည်ချေပပြီး ပြောလိုက်သည်။ “ဒီကောင်မလေးက ဆန်ကုန်မြေလေးပဲ။ မဟုတ်ဘူး ဆန်ကုန်မြေလေးကမှ သူ့ထက်သာဦးမယ်”

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်းWhere stories live. Discover now