အပိုင်း ၃၄

927 75 2
                                    


ရေစီးသံတိုးတိုးကြား လေညှင်းကခပ်သဲ့သဲ့မျောပါသည်။ကျေးငှက်လေးတွေပါတေးသီတော့ တောတောင်အလှကပိုအသက်ဝင်စွာ။တောပန်းရနံ့တွေပါမွှေးပျံ့နေတာမို့ အရာရာဟာသုခဘုံတစ်ခုသဖွယ်။

ငယ်ငယ်ကရှူခင်းတွေကိုသဘောတကျငေးသလို သူကတော့ပိုင်ဆိုင်မှုလေးကိုရင်ခွင်ထဲထည့်ကာ သဘောတကျငုံ့ငေးသည်။ကိုယ်မြတ်နိုးမိတဲ့အရာဟာ ကိုယ့်မြင်ကွင်းထဲအလှပဆုံးပဲမဟုတ်လား။

မနက်ဖြန်ပြန်ဖြစ်မည်မို့ ယနေ့အားလုံးစုကာရေတံခွန်ရှိရာ ​ပျော်ပွဲစားထွက်ဖြစ်သည်။Horizonဆေးရုံကလူတွေရောမို့ လူအင်အားမနည်း။အရင်နေ့တွေတုန်းက ကိုယ့်အုပ်စုနှင့်ကိုယ် ခွဲလည်ကြပေမယ့် ဒီနေ့တော့အားလုံးအတူစုမိကြသည်။

အားလုံးပျော်ရွှင်နေတုန်း ရောက်လာသည့်လူတစ်ယောက်ကြောင့် မီးကိုရေနှင့်ညှိမ်းသတ်လိုက်သလိုတိကနဲ။ဥပဓိရုပ်ကောင်းကောင်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့်လူက သပ်သပ်ရပ်ရပ်ဝတ်ထားတာမို့ အညတရတော့မဖြစ်နိုင်။အသက်ခြောက်ဆယ်ကျော်ဝန်းကျင်မို့ တည်ငြိမ်သည့်အသွင်လည်း ပေါက်လေသည်။

အသိတွေမဟုတ်သော်ငြား ကိုယ်တွေဆီဦးတည်လာနေတာမို့ မျက်နှာမလွှဲနိုင်။အမှန်အတိုင်းပြောရရင် ထိုပုဂ္ဂိုလ်ရဲ့အရှိန်အဝါကိုက မျက်နှာမလွှဲနိုင်အောင်ပြုစားထားတာ။

"အဲ့တာအကြားအမြင်ရပုဂ္ဂိုလ်လေ သူနဲ့ရေစက်ရှိတဲ့လူတွေကိုပဲစကားပြောတာ လူတိုင်းနဲ့စကားမပြောဘူး တွေ့ချင်တိုင်းလည်းမတွေ့ရဘူး"

တိမ်ငွေ့စကားမို့ အားလုံးဟာသမလုပ်ရဲ။သူ့မွေးရပ်မြေဖြစ်တဲ့အပြင် အမြဲတည်ငြိမ်နေသူရဲ့စကားမို့အားလုံးကခေါင်းညိတ်လက်ခံမိသည်။

အနားရောက်လာသူကို တိမ်ငွေ့ကပင်ဆီးကြိုနှုတ်ဆက်လေသည်။

"ကိစ္စတစ်ခုခုရှိလို့လား ဘဘ"

"ဒီလူတွေထဲမှာ ရေစက်ရှိတဲ့လူတွေပါလို့ ရောက်လာခဲ့တာ သတိပေးစရာလေးတွေရှိလို့"

"ဘယ်သူတွေလဲ"

စပ်စုနေသူတွေက အားလုံးနားစွင့်နေကြလေသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now