အပိုင်း ၄၅

5.1K 262 4
                                    


မျက်လွှာတွေပိတ်ထားသူကိုသူထိုင်ငေးရင်း အပြင်လောကကိုဥပေက္ခါပြုထားတာ တစ်လပြည့်တော့မည်။သက်ဆိုင်သူလေးကတော့ဂရုမစိုက်သလို မျက်တောင်လေးတောင်ပင့်ကြည့်မလာခဲ့။

အပြင်မှာဖွဲနေတဲ့မိုးတွေကြား သူကြိုက်တဲ့စံပယ်တွေဖွေးနေအောင်ပွင့်သင့်ပေမယ့် ယခုချိန်ထိအဖူးမရှိသေးတာအံ့ဩဖွယ်။သူလေးမျက်ဝန်းမှိတ်နေလို့များ စံပယ်တွေပါအိပ်စက်ကုန်သလားမသိ။

အသံလေးလွမ်းဆွတ်လို့တောင်ကြားခွင့်မရှိတဲ့အခြေအနေမှာ သွင်းယူခဲ့တဲ့အသံဖိုင်တွေသာ သူ့အတွက်အနာသက်သာဆေးလို။ကျဖို့မျက်ရည်တွေတောင်ခမ်းခြောက်နေသည်အထိ ညတိုင်းခိုးကျနေရတဲ့မျက်ရည်တွေကိုသူမသိ။

ကိုယ်အရမ်းအလိုလိုက်ခဲ့လို့များ ဆိုးသွမ်းနေသလားငယ်။ပြန်လာဖို့လမ်းမမှတ်မိလို့များ ခုထိရောက်မလာသေးတာလား။ဒါမှမဟုတ် ကိုယ်ဆိုတဲ့ဖြစ်တည်မှုကိုများ မေ့လျော့ပစ်တာလား။

ဟိုတစ်ယောက်ပြောခဲ့သလို သူဖန်တီးတဲ့နောက်ကမ္ဘာမှာ နောက်တစ်ကြိမ်များကိုယ်နဲ့ပြန်ဆုံနေပြီလား။

မဖြစ်နိုင်လိုက်တာ။ကိုယ်ဆိုတာဘယ်အခြေနေမှာပဲဖြစ်ဖြစ် ငယ့်ကိုပဲချစ်မှာသေချာနေပြီးသား။အကယ်၍အမုန်းတွေနဲ့သာဇာတ်သိမ်းရမယ်ဆိုရင်တောင် မင်းကိုအပိုင်သိမ်းထားမိအုံးမှာ။

မသေချာခြင်းတွေနဲ့တည်ဆောက်ထားတဲ့ လူ့ကံကြမ္မာတွေထဲမှာ ငယ့်ကိုပဲချစ်မိမှာဆိုတဲ့သေချာခြင်းကိုတော့ အသက်နဲ့ရင်းပြီးကျိန်ပြောရဲတယ်ငယ်။ကိုယ့်မှာပါလာတဲ့နှလုံးသားကိုက ငယ့်အတွက်ထွင်းထုထားတဲ့သီးသန့်ဖြစ်တည်မှုတစ်ခုမလို့ပဲ။

ဒီခန္ဓာမဟုတ်ခဲ့ရင်တောင် ငယ့်ဝိဥာဥ်သာဖြစ်နေသ၍ ကိုယ်မြတ်နိုးမိနေအုံးမှာပဲ။

ရှည်နေတဲ့လက်သည်းလေးတွေကိုဂရုတစိုက်ညှပ်ပေးပြီး Hand creamလိမ်းပေးမိသည်။

"ငယ်ကိုယ့်ကိုမလွမ်းဘူးလားကွာ ငယ့်ကိုဒီလိုဂရုစိုက်ပေးနိုင်တာကိုကိုတစ်ယောက်ပဲရှိတာ အဲ့တာကြောင့်အတားအဆီးသေးသေးလေးတွေရှိနေရင်တောင် ဖြတ်ကျော်ခဲ့လို့မရဘူးလား ပြီးရင်ကိုကိုကအများကြီးချစ်ပေးမှာလေ"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now