အပိုင်း ၃

6.7K 337 1
                                    

ကောင်းကင်ကြီးက မိုးသားတွေတစ်လိပ်လိပ်။မကြာမီ မိုးကြီးကြီးရွာတော့မည်မှန်း သိသာစွာ။အခန်းကျယ်ကြီးအတွင်းမှာတော့
အဲကွန်းမဖွင့်ဘဲအေးစိမ့်စိမ့်။အပြင်ဘက် ရာသီဥတုနှင့်အပြိုင် ရာသီဥတုကမသာမယာ။

"ခွမ်း"

ပစ်ထုတ်လိုက်တဲ့စံပယ်အိုးလေးကနံရံနှင့်ထိလို့အစိတ်စိတ်အမွှာမွှာ။ဝန်ထမ်းအသစ်လေးကငိုချမတတ်တုန်ရီနေမိကာ ခေါင်းပင်မဖော်ရဲ။အတွင်းရေးမှုးကျောက်စက်နေရောင်တစ်ယောက်ခေါင်းသာခါမိကာ ထိုကောင်မလေးအားထွက်သွားဖို့အချက်ပြလိုက်သည်။Beta ဝန်ထမ်းလေးခင်မျာ လေးကလွှတ်တဲ့မြှားလို ပြေးထွက်သွားတာခလုတ်တွေပါတိုက်လို့။

"ကိုCean စိတ်လျှော့လိုက်ပါကျွန်တော်လိုသွားတာ အသစ်လေးမို့မပြောပြရသေးလို့"

ထိုအခါမှဒေါသထွက်နေသူကစိတ်လျှော့လိုက်သလိုနက်ခ်တိုင်အားဆွဲဖြေကာ သူ့ဘက်လှည့်လာသည်။ဓားသဏ္ဍာန်မျက်ခုံးတွေကိုကျုံ့ထားကာ ရှည်လျားကျဉ်းမြောင်း
ကာစူးရှနေသောအပြာရောင်မျက်ဝန်းတွေအားမှေးစင်းထားလေသည်။ပါးလျလျနှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားတာကြောင့် ထင်ရှားတဲ့မေးလိုင်းတွေကခပ်တင်းတင်း။

"နောက်ဆိုရင် ကုမ္မဏီစည်းကမ်းချက်ထဲကို တစ်ချက်ထပ်ထည့်ထား ကုမ္မဏီအတွင်းဘာပန်းမှမမြင်ချင်ဘူး အထူးသဖြင့်Jasmine
အဲ့ဒီအနံ့ပါတဲ့ဘာအသုံးဆောင်မှမရှိစေနဲ့"

"ဟုတ်ကဲ့ ကျွန်တော်အခုဘဲအားလုံးကိုကြေငြာလိုက်ပါ့မယ်"

ပိတ်သွားတဲ့တံခါးကိုကြည့်လို့ သူသက်ပြင်းချကာခုံမှာကျောမှီချလိုက်တယ်။သူပန်းတွေကိုမကြိုက်ဘူး။အထိခိုက်မခံလို့။နူးညံ့သိမ်မွေ့ပြီး တယုတယဖြစ်တာတွေကိုသူမကြိုက်ဘူး။ဒါကြောင့် Omegaတွေကိုသူမကြိုက်ဘူး။အရမ်းပျော့ညံ့လွန်းတယ်။

ပြီးတော့ အဲ့အနံjasmine။သူတစ်သက်လုံးမုန်းလာတဲ့ထိုပန်း။အရင်တစ်ပါတ် သူ့Shopping Mallကိုသွားစစ်ဆေးတုန်းကရခဲ့တဲ့အနံ့။သူနှင့် ကိုက်ညီမှုရာနှုန်းပြည့်ရှိတဲ့ ထိုဖယ်ရိုမုန်းတွေ။သိပ်မုန်းဖို့ကောင်းတာ။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ